#FreeMinZin

ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်များက ၂၀၂၆ ခုနှစ် ဇွန် ၃ ရက်တွင် မှားယွင်းစွာဖမ်းဆီး (wrongful detention) ခဲ့ပါသည်။ ဦးမင်းဇင်သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်မည့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသဖြင့် သွားရောက်ချိန်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ဖြစ်ခဲ့ခြင်းအား အလွန်အမင်း စိုးရိမ်ပူပန်ပြီး ဦးမင်းဇင်အား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ISP-Myanmar က တောင်းဆိုထားပါသည်။ ယခု #FreeMinZin စာမျက်နှာတွင် ဦးမင်းဇင် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ဖော်ပြချက် အစုံအလင်အား စုစည်းထားပါသည်။
Read more

ISP Shorts

See all
1:12
1:12
1:01
1:01
1:41
1:41
1:22
1:22
0:58
0:58
1:30
1:30
2:10
2:10
1:29
1:29
0:58
0:58
1:03
1:03
0:58
0:58
1:04
1:04
1:30
1:30
0:55
0:55

Analysis

ISP Publications

See all

နေပြည်တော်လိုဂျီ ဆန်းစစ်မြင်ကွင်း

ISP-Myanmar ၏ ပွဲဦးထွက် ဆန်းစစ်မြင်ကွင်း (ISP Outlook) အမှတ်-၁ မှာ နေပြည်တော်လိုဂျီ သုတေသနနယ်ပယ်က အကြောင်းအရာကို တင်ဆက်ထားပါသည်။ ISP Naypyitawlogy Outlook – နေပြည်တော်လိုဂျီ ဆန်းစစ်မြင်ကွင်း ဖြစ်ပါသည်။ ဖတ်ရှုသုံးသပ်ပြီး ဝေဖန်အကြံပြုကြရန် ဖိတ်ခေါ်ပါရစေ။
Read More

ISP Events

See all
August 15, 2026

ဉာဏ်ရည်တုနဲ့ ပင်ကိုဉာဏ်ကို ဘယ်လိုချိန်ညှိမလဲ၊ ISP-Myanmar ၏ ဒေတာအချက်အလက်ရှာဖွေပုံနှင့် ဆန်းစစ်မှုနည်းနာများ

တချိန်က အင်မတန်ရှားပါးပြီး လူတိုင်းလက်လှမ်းမမီနိုင်တဲ့ အသိပညာတွေဟာ ရုတ်တရက် ဆိုသလို လူတွေလက်ထဲ အလွယ်တကူ ရောက်လာခဲ့ပါတယ်။ အခု AI ခေတ်မှာလည်း ဒီသဘောပါပဲ။ ဉာဏ်ရည်တုဟာ အချက်အလက်ပေါင်းများစွာကို သိမ်းဆည်းထားနိုင်သလို ဒါတွေကို အခြေခံပြီး ဆန်းစစ်ပေးနိုင်စွမ်းက လူတွေရဲ့ လုပ်နိုင်စွမ်း၊ သာမန်ကွန်ပျူတာတွေရဲ့ လုပ်နိုင်စွမ်းထက် အဆမတန် ကြီးမားလာပါတယ်။ 
July 25, 2026

‘ဘယ်စာ ဘယ်နှစ်ဝါ မောင် သင်မတုန်း’ – ပညာသင်ခွင့်အကျပ်အတည်းအတွက် မူဝါဒအဖြေ ဘယ်လိုရှာနိုင်ကြမလဲ

တချိန်ကတော့ မြန်မာနိုင်ငံမှာ အခြေခံပညာသင်ယူခွင့်ဆိုတာ ဘေးမသီရန်မခ ပုံမှန်လျှောက်လှမ်းရမယ့် လမ်းကြောင်းတခုပါပဲ။ ဘယ်လိုအခက်အခဲပဲရှိရှိ အချိန်တန်ရင် သေစာ ရှင်စာတော့ တတ်နေရမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ လူများစုအတွက် အခြေခံပညာသင်ယူခွင့်ဆိုတာ ခက်ခဲတဲ့အရာ မဖြစ်ခဲ့ပါဘူး။ ဒီနေ့အချိန်မှာတော့ မလုံခြုံမှု၊ စိုးရိမ်မှု၊ မရေရာမှု၊ ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေးစနစ်တွေကြားထဲ အဆင့်မြင့်ပညာမဟုတ်သေးတဲ့ အခြေခံပညာ သင်ယူနိုင်ခွင့်ကိုပါ လက်လွှတ်ရတာမျိုး ဖြစ်လာပါတယ်။
May 23, 2026

စွမ်းအင်လောင်စာအကျပ်အတည်း ဘယ်လိုရှင်သန်ကြမလဲ

လောင်စာအကျပ်အတည်းကြောင့် အခြေခံလူတန်းစားများ ပိုပြီးထိခိုက်နစ်နာနေကြသည်။ သက်ရောက်မှုများလည်း ကြီးပါသည်။ စီးပွားရေးတိုးတက်မှု ပိုနှေးကွေးလာပြီး ဆင်းရဲနွမ်းပါးမှု ပိုတိုးလာနိုင်သည်။ စီးပွားရေးပြိုလဲမှုနှင့် ရေရှည် စီးပွားရေး ကျုံ့ဝင်နိမ့်ကျမှုများလည်း ဖြစ်နိုင်သည်။
March 14, 2026

ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – အနေမနီး မစုစည်းနိုင်သေးသည့် ဖားစည်မြေ

ပဋိပက္ခစီးပွားရေးကနေဖြစ်လာတဲ့ ဘဏ္ဍာဝင်ငွေတွေကြောင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ကောင်းမွန်တဲ့အုပ်ချုပ်စီမံမှုစနစ်တွေ ဖြစ်မလာခဲ့ပါဘူး။ ဌာနေတိုင်းရင်းသားတွေ တန်ဖိုးထားရာ သရုပ်သကန် ကြန်အင်လက္ခဏာတွေလည်း လုံးပါးပါးနေပါပြီ။ ဒီလိုမျိုး ဆုတ်ယုတ်ကျဆင်းနေချိန်မှာ ပြည်သူတွေ တုံ့ပြန်ရင်ဆိုင်ကြပုံနဲ့ပတ်သက်ပြီး မြောက်ပိုင်းရှမ်းပြည်မှာ ‘Voice, Exit, Loyalty’ အသံပေး ကန့်ကွက်ကြတာ၊ ဒီဒေသကိုစွန့်ခွာပြီး ထွက်သွားကြတာ၊ မဟုတ်ရင်တော့ ကြိတ်မှိတ်မျိုသိပ် အံဝင်အောင် နေလိုက်ကြရတာတွေကို သုံးသပ်ဖော်ပြခဲ့ပါတယ်။ ကရင်ပြည်နယ်မှာရော ဘယ်လိုတွေဖြစ်နေလဲ။ ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဆွေးနွေးတင်ပြပါမယ်။ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။
February 28, 2026

ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – ရှမ်းမြောက်ဒဏ်ရာနှင့် ရုန်းကန်ရှင်သန်ရခြင်း 

လူတွေဟာ အခုလို ဆိုးရွားတဲ့အခြေအနေတွေကြုံရရင် မကျေနပ်ကြောင်း ဖော်ပြကြပါတယ်။ အသံပေးကန့်ကွက်ကြပါတယ်။ ဖြစ်မလာတဲ့အခါ ဒီဒေသကို စွန့်ခွာပြီး ထွက်သွားကြတော့တာပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ကြိတ်မှိတ်မျိုသိပ် အံဝင်အောင် နေလိုက်ကြရတော့တာပါပဲ။ ချဉ်ဖတ်အိုးထဲကျတဲ့ ဟင်းသီးဟင်းရွက်တွေလို သူလည်းချဉ်ပြီး ရရစားစား၊ ငွေနောက်လိုက်၊ အလုပ် ဖြစ်အောင် လုပ်နေကြရပါတော့တယ်။
January 17, 2026

တနိုင်ငံလုံးနစ်ကျွံလာသော မူးယစ်နွံ – မျိုးဆက်သစ်တို့ ဆုတ်ယုတ်ရစ်တော့မလား

လူငယ်မျိုးဆက်တခုလုံး ဆုတ်ယုတ်ပျက်သုဉ်းသွားစေနိုင်တဲ့အပြင် နိုင်ငံတခုလုံး မူးယစ်နွံထဲ နစ်သွားနိုင်တာကို ဆက်လက်ခွင့်ပြုထားဖို့ မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံရေးသိက္ခာကျဆင်းစေသလို မူးယစ်ဆေးကရတဲ့ တရားမဝင်ငွေတွေကြောင့် ရေရှည်မှာ စီးပွားရေးစနစ်ကြီးတခုလုံး ပြိုလဲသွားနိုင်ပါတယ်။

Data Gallery

တရုတ်-မြန်မာဆက်ဆံရေး၊ ပဋိပက္ခနှင့် လုံခြုံရေး၊ လူမှုစီးပွားအခြေအနေ၊ စစ်အခြပြုစီးပွားရေး စသည့်အကြောင်းအရာများအပေါ် ISP-Myanmar ၏ သုတေသနပြု လေ့လာထားချက်များဖြစ်သည့် ကိန်းဂဏန်းနှင့် အချက်အလက်ပြရုပ်ပုံများ၊ မြေပုံများ၊ ဇယားများ၊ အချိန်ကာလနှင့် ဖြစ်စဉ်ပြပုံများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ISP Mapping

See all

ISP Multimedia Clips


31 Aug 2026

ပြည်နယ်နှင့်တိုင်း ငါးခုတွင် ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်း ရှိနိုင်

၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်ကနေ ဩဂုတ် ၁၁ ရက်အတွင်း မိုးများပြီး ရေကြီးတာကြောင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်း ရှိနိုင်တာကို တွေ့ခဲ့ရပါတယ်။


6 Aug 2026

ရှမ်းပြည်နယ်က ကျားဖြန့်လုပ်ငန်းများနှင့် ဖမ်းဆီးမှုများ

၂၀၂၆ ခုနှစ် မေ ၁ ရက်ကနေ ဇွန် ၃၀ ရက်အတွင်း မြန်မာစစ်တပ်က ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ ကျားဖြန့်လုပ်ငန်းခွင်တွေကို ဝင်ရောက် စီးနင်းတာ ၁၉ ကြိမ် ရှိခဲ့ပါတယ်။


5 Aug 2026

နိုင်ငံရေးနှင့် စစ်ရေးဖိအားအောက်က နယ်စပ်ကုန်သွယ်မှု ပြန်ပွင့်ရေး

အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ပတ်နိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက နိုင်ငံရေးနဲ့ စစ်ရေးနည်းလမ်းတွေသုံးပြီး ကြိုးပမ်းနေပါတယ်။


31 Jul 2026

အိန္ဒိယ မပါဘဲ ဒေသတွင်းချိတ်ဆက်မည့် တရုတ်၏ အစီအမံတခု

မြန်မာနိုင်ငံကို ကြားခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံကို ချိတ်ဆက်မယ့် ဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (BCMEC) ဖော်ဆောင်ဖို့ တရုတ်နိုင်ငံက အဆိုပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရုံးက ပြောခဲ့ပါတယ်။

See all

မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) ၂၀၂၅-၂၀၂၆

၂၀၂၅ ခုနှစ် တနှစ်တာအတွင်း ထူးခြားခဲ့သော ဖြစ်ထွန်းမှုများ၊ အကျိုးသက်ရောက်မှုများ၊  ၂၀၂၆ ခုနှစ်အတွက် ဖြစ်တန်ခြေများနှင့် ဦးတည်လမ်းကြောင်းလားရာများကို ယခုစစ်တမ်းတွင် ဆန်းစစ်ဖော်ပြထားသည်။ စစ်တမ်း၌ပါဝင်သော ပိုင်းခြားစိတ်ဖြာသုံးသပ်ချက်များမှာ ISP-Myanmar ၏ သုတေသနပြုမှုနှင့် ဒေတာအချက်အလက်များအပေါ် အခြေခံထားပါသည်။
Read more

ISP In the News

See all