ISP Data Matters
By ISP Admin /
on January 24, 2023

နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) ၅၇,၈၀၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
By ISP Admin /
on December 27, 2022

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါး ရှိလာ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
By ISP Admin /
on December 13, 2022

တရုတ်၊ ထိုင်းနှင့် စင်ကာပူတို့ မြန်မာနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်အထိ ဘဏ္ဍာနှစ်လေးခုရဲ့ ကုန်သွယ်မှုအဆင့်တွေကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံက နံပါတ်လေးနေရာ ရောက်လာပြီး ဂျပန်နိုင်ငံကတော့ နံပါတ်ခုနှစ်ကို ကျဆင်းသွားပါတယ်။
By ISP Admin /
on November 22, 2022

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၈၀၀ ကျော် ဖြစ်ပွားခဲ့

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇,၈၅၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၄,၅၄၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
By ISP Admin /
on November 8, 2022

နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း နေအိမ်နဲ့ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံတွေ အပါအဝင်) ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။