ISP Data Matters
By ISP Admin /
on April 22, 2022

နယ်စပ်ကုန်သွယ်ရေး၏ ၇၅ ရာခိုင်နှုန်းမှာ ထိုင်းနှင့် ကုန်သွယ်မှု ဖြစ်လာ

မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးက ပမာဏ အများဆုံးအနေနဲ့ ရပ်တည်ခဲ့ရာကနေ ၂၀၂၁ – ၂၀၂၂ မီနီဘတ်ဂျက်ကာလမှာတော့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးက တဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။
By ISP Admin /
on April 20, 2022

တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာ ပါဝင်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက် အတွင်း နိုင်ငံတဝန်းလုံးက အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီးတော့ တရားစွဲခံထားရသူများ နဲ့ ထောင်ဒဏ်ကျခံနေရသူများထဲက စုစုပေါင်း ၅၇,၀၉၁ ဦးကို စစ်ကောင်စီကလွတ်ငြိမ်း ချမ်းသာခွင့် ၇ ကြိမ် ကြေညာပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
By ISP Admin /
on April 8, 2022

အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း အရပ်သား ၂,၃၀၀ ကျော် သေဆုံးခဲ့

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၇၃၀ ဦးထက်မနည်းရှိခဲ့ပြီးတော့လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရတဲ့အရေအတွက်ဟာ စုစုပေါင်း ၆၁၅ ဦးထက်မနည်းရှိခဲ့ပါတယ်။
By ISP Admin /
on April 1, 2022

ငါးလအတွင်း စင်ကာပူနှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်၊ အီးယူအပါအဝင် အနောက်နိုင်ငံများမှလည်း ပြန်လည်ဝင်ရောက်လာ

ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်နဲ့ အများဆုံး ဝင်ရောက်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေပါတယ်။
By ISP Admin /
on March 31, 2022

နိုင်ငံတဝန်း လူပေါင်း ၁၃,၀၀၀ ထက်မနည်း ဖမ်းဆီးခံရ

ဖမ်းဆီးခံရတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရမယ်ဆိုရင် ၂၀၂၁ ခုနှစ် မတ်၊ ဧပြီ၊ မေ သုံးလမှာ ၄,၇၀၀ ဦး ထက်မနည်း စံချိန်တင်ဖမ်းဆီးခံခဲ့ရပြီးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၁၁,၂၈၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။