မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၄၇)
ISP-Myanmar က စုစည်းထားတဲ့ မြန်မာ–တရုတ်ဆက်ဆံရေး ရက်စဥ်မှတ်တမ်းကို အခြေခံပြီး အခုကာလအတွင်း အာရုံစိုက်စရာ ဖြစ်ရပ်တွေကို ဆန်းစစ်ထားပါတယ်။ ပြီးခဲ့တဲ့ တလကျော်ကာလအတွင်း မြန်မာ-တရုတ် ဆက်ဆံရေးမှာ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးဘောဂဗေဒနဲ့ သံတမန်ရေးဆိုင်ရာကိစ္စတွေက လွှမ်းမိုးခဲ့ပါတယ်။ ဒီအထဲက ဒုတိယပိုင်းကို အခုတပတ်မှာ ဖော်ပြသွားပါမယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ် မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။