12 Nov 2025 Socioeconomic Studies ‘မှန်အိမ် မီးစာမြှင့်ထားတယ်’ – လူမှုစီးပွားအကျပ်အတည်းနှင့် လူထု၏ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း စစ်တမ်းတွေ့ရှိချက် စစ်ကော်မရှင်(SSPC)၏ စီးပွားရေးမူဝါဒအလွဲ၊ စီမံခန့်ခွဲမှုအမှားများက စီးပွားရေးစနစ်ကြီးတခုလုံးကို အလျဉ်ပြတ်စေခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် လူမှုစီးပွားဒုက္ခများစွာကို လူထုက ရင်ဆိုင်ခဲ့ရသည်။
1 Jul 2025 China Studies တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် လုံခြုံရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို အများစုက ဖြေဆိုခဲ့ခြင်းပင်ဖြစ်သည်။
1 Jul 2025 China Studies တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ တရုတ်ကုမ္ပဏီထုတ် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာပစ္စည်းများကို အသုံးမပြုကြောင်း စစ်တမ်းဖြေသူ ၂၈ ရာခိုင်နှုန်းက ဆိုပါသည်။
1 Jul 2025 China Studies တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပေးအပ်ခဲ့သော ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီများသည် အကျိုးမရှိကြောင်းဖြေဆိုသူ ၅၅ ရာခိုင်နှုန်းရှိသည်။ အကျိုးရှိသည်ဟုဖြေဆိုသူမှာ ၄၀ ရာခိုင်နှုန်းရှိပါသည်။
1 Jul 2025 China Studies မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ အသိုက်အဝန်းခြောက်ခု၏ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားရာတွင် ဒေသတွင်း၌ တရုတ်ဦးဆောင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအခင်းအကျင်းတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်း အသိုက် အဝန်းတခုချင်းစီ၏ အများစုက ယူဆကြသည်။
1 Jul 2025 China Studies တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) သည် မြန်မာပြည်သူများ၏ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိသည်ဟု အသိုက်အဝန်းအားလုံး၏ အများစုက ယူဆကြသည်။
1 Jul 2025 China Studies တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်စစ်တမ်းများနှင့် နှိုင်းယှဥ်ပါက တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများသည် မြန်မာပြည်သူများအပေါ် လုံးဝအကျိုးမရှိပါဟု ဖြေဆိုသူဦးရေမှာ နှစ်စဉ်တိုးလာသည်ကို တွေ့ရသည်။
1 Jul 2025 China Studies မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ စစ်တမ်းဖြေဆိုခဲ့သည့် မူဝါဒအသိုက်အဝန်းတခုချင်းစီ၏ ရလဒ်များအား နှိုင်းယှဥ်ကြည့်ရာ တရုတ်အကျိုးစီးပွားတည်ရှိသည့် နယ်မြေတည်ငြိမ်ရေးကိုသာ ဦးစားပေးသည်ဟု အစုအဖွဲ့အားလုံးက ယူဆကြသည်။
1 Jul 2025 China Studies မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ကြည့်ရာတွင် တရုတ်နိုင်ငံနှင့် စစ်ကောင်စီအကြား ဆက်ဆံရေးကောင်းမွန်ကြောင်း အများဆုံးဖြေဆိုသူများမှာ EAOs များနှင့် နိုင်ငံရေးအသိုက်အဝန်းတို့ ဖြစ်ကြသည်။
1 Jul 2025 China Studies တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ စစ်တမ်းပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကဏ္ဍအမျိုးမျိုးတွင် ပါဝင်လုပ်ကိုင်နေကြသော မြန်မာ့မူဝါဒအသိုက်အဝန်းက လူကျော်လူမော်များအနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အဓိကပုံဖော်နေသည့် အခြေခံ အကြောင်းအရာများအပေါ် မည်သို့နားလည်ရှုမြင်နေကြသနည်း ဆိုသည်တို့ကို ဆန်းစစ်ပိုင်းခြားရန်ဖြစ်သည်။
1 Jul 2025 China Studies ထူးခြားတွေ့ရှိချက် ငါးရပ် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် လုံခြုံရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို အများစုက ဖြေဆိုခဲ့ခြင်းပင်ဖြစ်သည်။
3 Sep 2024 Socioeconomic Studies နိုင်ငံကျွမ်းဆောက်၊ ပြည်ကြာလျှင် မှောက်ကရော့မည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီမှ ဇွန်လအတွင်း ပြည်သူများ ရင်ဆိုင်ကြုံတွေ့ရခဲ့သော လူမှုစီးပွားအခြေအနေများကို သိရှိနိုင်ရန် ISP-Myanmar ၏ Research Network အစီအစဉ်က လေ့လာခဲ့သည်။ မြို့နယ်ပေါင်း ၁၁၀ ရှိ ပြည်သူ ၁,၀၀၀ ဦးကို မေးမြန်းပြီး စစ်မှုထမ်းဥပဒေ ဂယက်နှင့် ဆက်စပ် အခြေအနေများကို စစ်တမ်း ရယူခဲ့သည်။
1 Jul 2022 China Studies တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး တနှစ်အကြာ၌ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာ ရေး အင်စတီကျု (ISP-Myanmar) သည် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ နည်းပညာအကူအညီဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒ အသိုက်အဝန်း၏ သဘောထားအမြင်ဆိုင်ရာ သုတေသနစစ်တမ်းတခု ပြုလုပ်ခဲ့ပါသည်။