အကူးအပြောင်းများ၊ အသွင်ကူးပြောင်းခြင်းများနှင့် အဆုံးအဖြတ်ကာလကို ရောက်ရှိနေသည့် မြန်မာနှင့် ရှေ့ရေး

The Myanmar Quarterly

■ ၁။ နိဒါန်း ကမ္ဘာ့ဘဏ်နှင့် အခြားသော အလှူရှင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်များအတွင်းက အကူးအပြောင်း သုံးခု စတင်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ ယင်းတို့မှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း၊ စစ်ပွဲများမှ ငြိမ်းချမ်းရေးသို့ အကူးအပြောင်းနှင့် ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ အကူးအပြောင်းတို့ပင် ဖြစ်ကြပါသည် (World Bank, 2012)။ အကူးအပြောင်းကာလဆိုင်ရာ ယူဆချက်မှာ အခြေအနေတစ်ခုမှ တစ်ခုဆီသို့ လုပ်ငန်းစဉ် သို့မဟုတ် အချိန်ကာလ အပိုင်းအခြား အပြောင်းအလဲတစ်ရပ်ဟု ညွှန်းဆိုပါသည်။ အထက်တွင် ရေးသား ဖော်ပြခဲ့သည့်အနက် ယူဆချက်တစ်ခုမှာ မြန်မာနိုင်ငံ အနေဖြင့် အပြောင်းအလဲ ပြုလုပ်နေသည်သာမက ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး အောင်မြင်ဖြစ်ထွန်းမှုဆီသို့ ဦးတည် ပြောင်းလဲနေသည့် လမ်းကြောင်းပေါ်တွင်လည်း ရောက်ရှိနေသည် […]

ဟိုင်လီသင်္ဘောရာဇဝင်၊ နော်ေ၀ – မြန်မာ ဆက်ဆံရေးနှင့် အာရှတိုက်အတွင်း နော်ေ၀ သင်္ဘောလိုင်းများ

The Myanmar Quarterly

ဟိုင်လီသင်္ဘောရာဇဝင်၊ နော်ေ၀ – မြန်မာ ဆက်ဆံရေးနှင့် အာရှတိုက်အတွင်း နော်ေ၀ သင်္ဘောလိုင်းများအကြောင်း တစေ့တစောင်း လေ့လာချက် ကမ်မီလာဘူဇီ ၁ ၁၉၄၀ ပြည့်နှစ် သြဂုတ်မှာ ရန်ကုန်မြို့က လူငယ် သူငယ်ချင်းနှစ်ဦးဟာ တန်လွင်ချောင် နဲ့ တန်ဆုတောင်ဆိုတဲ့ တရုတ် နာမည်ဝှက်တွေကို အသုံးပြုပြီးတော့ သင်္ဘောပေါ်ကို တက်လာကြပါတယ်။ သူတို့စီးမယ့် သင်္ဘောဟာ နော်ေ၀ သင်္ဘောလိုင်းပိုင် အရှေ့ဖျားဒေသသွား လွန်းပျံ ကုန်တင်သင်္ဘော တစ်စင်းဖြစ်တဲ့ “ဟိုင်လီ” လို့ခေါ်တဲ့ သင်္ဘောပါ။ တကယ်တော့ ဒီလူငယ်နှစ်ဦးရဲ့ နာမည်အစစ်အမှန်က အောင်ဆန်းနဲ့ လှမြိုင်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပေါ်ထွန်းစ အမျိုးသားရေး လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားနေကြတဲ့ သခင်လူငယ် နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ တရုတ်ပြည် အမွိုင်မှာရှိတဲ့ ကူလန်ဆု နိုင်ငံတကာ […]

နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ

ဒေးဗစ်ဇေးဘလက်၊ ၂၀၀၆၊ နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ ၊ ပရင်စတန်။ အောက်စ်ဖို့ဒ်၊ ပရင်စတန်တက္ကသိုလ်ပုံနှိပ်တိုက်။ ကမ်မီလာဘူဇီ ၁ ဇေးဘလက်ရဲ့ ၂၀၀၆ ခုနှစ်ထုတ် စာတမ်းဟာ ၁၉ ရာစုအတွင်းမှာ ဂျာမနီနဲ့ အီတလီတို့ရဲ့ နိုင်ငံထူထောင်မှုတွေကို အပြိုင်လေ့လာမှု ပြုထားခြင်းဖြစ်ပြီး ဂျာမနီအနေနဲ့ ဖက်ဒရယ်နိုင်ငံ ဖြစ်လာချိန်မှာ အီတလီအနေနဲ့ ဘာကြောင့် ဖြစ်မလာရလဲဆိုတာကို စာတမ်းရှင်အနေနဲ့ လေ့လာထားချက် ဖြစ်ပါတယ်။ ၁၉ ရာစုဟာ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက တိုက်ကြီးတွေမှာ နိုင်ငံရေးမြေပုံတွေ အပြောင်းအလဲဖြစ်ခဲ့လို့ ကမ္ဘာ့သမိုင်းမှာ အရေးပါတဲ့ ဆုံမှတ်အဖြစ် မကြာခဏ ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ အဖွဲ့အစည်းမူဘောင်စုံလင်မှုတွေ အားကောင်းပြီး အမျိုးသားနိုင်ငံတွေ ပေါ်ထွက်လာတဲ့အချိန်လည်း ဖြစ်တယ်လို့ ဇေးဘလက်က […]

အရပ်ဘက်အဖွဲ့အစည်းဆိုင်ရာ အရေးပါသည် ရှုထောင့်အမြင်များ

ကမ်မီလာ ဘူဇီ ၁ ၁။ မိတ်ဆက် အရပ်ဘက်အဖွဲ့အစည်းတွေ တည်ရှိခြင်းဟာ အားကောင်းတဲ့ ဒီမိုကရေစီတစ်ခုရဲ့ အရေးအပါဆုံးသော လက္ခဏာတွေထဲက တစ်ခုလို့ ကျွန်မတို့ အမြဲတမ်းလိုလို စဉ်းစားမိတတ်ကြပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီအတွက် အရေးပါတယ် ဆိုရာမှာ အကြောင်းရင်း သုံးခု ရှိပါတယ်။ ပထမတစ်ခုက ဒီအဖွဲ့အစည်းတွေဟာ မတရားမှုတွေ ပြုလုပ်နေတဲ့ အစိုးရကို ပြန်လည် တွန်းလှန်ဖို့အတွက် စုဝေးမှုတွေ လုပ်နိုင်စေမယ့် ဗဟိုဌာနချုပ်တွေအနေနဲ့ အသုံးပြုနိုင်တယ်။ ဒီကနေတစ်ဆင့် ဒီမိုကရေစီ ထိန်းသိမ်းထားလို့ရတယ်။ ဒုတိယက ဒီအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီမှာ လူထုပါဝင်လာဖို့ စည်းရုံးမှုတွေ လုပ်နိုင်လာတယ်။ အဲဒီအတွက်ကြောင့် သမားရိုးကျ ဒီမိုကရေစီပုံစံဟာ နိုင်ငံသားတွေအဖို့ ပိုပြီး အဓိပ္ပာယ်ရှိလာ စေတယ်။ နောက်ဆုံးတစ်ချက်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ စုဝေးတာတွေ၊ လှုပ်ရှား ဆောင်ရွက်တာတွေ ပါဝင်လုပ်ဆောင်ခြင်းကနေ […]