Featured နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိရာ ဒေသများတွင် စစ်ရေးပြင်းထန်လာနိုင် Tracker by ISP Admin
Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
Featured ဉာဏ်ရည်တုနဲ့ ပင်ကိုဉာဏ်ကို ဘယ်လိုချိန်ညှိမလဲ၊ ISP-Myanmar ၏ ဒေတာအချက်အလက်ရှာဖွေပုံနှင့် ဆန်းစစ်မှုနည်းနာများ by ISP Admin
7 Sep 2026 Conflict Economy ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက် တရုတ်နိုင်ငံဟာ ရှမ်းမြောက်ဒေသတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးအပေါ် သူ့ရဲ့ ဩဇာလွှမ်းမိုးနိုင်မှုကိုသုံးပြီး နယ်စပ်ဒေသ တည်ငြိမ်ဖို့အတွက် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)တွေအကြား အပစ်ရပ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ စီးပွားရေးမက်လုံး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို အခြေခံတဲ့ ပဋိပက္ခလျှော့ချရေး အစီအစဥ်တခုကိုလည်း စတင်ခဲ့ပါတယ်။
12 Aug 2026 Governance studies ‘ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ်…’ – ULA/AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များ အင်စတီကျူးရှင်းစနစ် ခိုင်မာအားကောင်းလာတာ တချို့ကို သိသိသာသာမြင်ရပေမဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ စစ်ရေး မတည်ငြိမ်မှု၊ အရင်းအမြစ် ရှားပါးမှုနဲ့ လုပ်ကိုင်နိုင်စွမ်း အကန့်အသတ်တွေလည်း ရှိနေပါတယ်။ အုပ်ချုပ်သူတွေရဲ့ လက်တွေ့ဝန်ဆောင်မှု ပေးနိုင်စွမ်းနဲ့ မျှော်လင့်ချက်ကြီးတဲ့ ရခိုင်လူထုအကြား ကွာဟချက်တွေ ရှိလာတာကို ဖြေရှင်းနိုင်ရေးက လက်ငင်းစိန်ခေါ်ချက်တရပ် ဖြစ်နေပါတယ်။
19 May 2026 Conflict Economy ကရင်ပြည်နယ်အတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက် လက်ရှိမှာ တဖက်ဖက်က အပြတ်မနိုင်တော့တဲ့၊ ဘယ်သူမှ ယတိပြတ် မရှုံးနိုင်တော့ဘူး (stalemate) ဆိုတဲ့အဆင့်ကို ရောက်နေပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့အသီးသီးက ကိုယ့်ရဲ့ရပ်တည်မှုကို ခိုင်မာအောင် ကြိုးစားနေမှာဖြစ်လို့ တိုက်ပွဲတွေ ဆက်ပြီး ရှည်ကြာနေဦးမယ့် အလားအလာမျိုး တွေ့ရပါတယ်။
4 Dec 2025 ဖြစ်ထွန်းလာနိုင်သော ဖက်ဒရယ်မြန်မာနိုင်ငံ အလယ်အလတ်ကာလ အသွင်ကူးပြောင်းမှုသည် ပုံစံစုံဖြစ်တည်နေသော အုပ်ချုပ်မှုစနစ် (hybrid governance)၊ ရှုပ်ထွေးသော တရားဝင်မှုဆိုင်ရာ ပြိုင်ဆိုင်မှုများနှင့် မြန်မာနိုင်ငံ၏ နယ်စွန်နယ်ဖျားဒေသများတွင် ခံနိုင်ရည်ရှိသော အပြိုင်အဆိုင်အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှုများဖြင့် မြန်မာ့ဖက်ဒရယ် သွင်ပြင်လက္ခဏာများ ရှိလာမည်ဖြစ်သည်။
15 Dec 2021 China Studies လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များအပေါ် သက်ရောက်နေသည့် တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အစီရင်ခံစာမိတ်ဆက် တံခါးပိတ် မူဝါဒကျင့်သုံးခဲ့တဲ့ တရုတ်နိုင်ငံဟာ ၁၉၉၉ ခုနှစ်မှာ ” ပြင်ပသို့ ဖြန့်ကျက်ခြင်း မူဝါဒ (ဒါမှမဟုတ်) အပြင်ထွက် မူဝါဒ” ကို ကျင့်သုံးပြီး တရုတ်စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံရပ်ခြားမှာ ခြေဆန့်ကြဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်လာပြီး ရပ်ဝန်း လမ်းကြောင်း အစီအမံကို ကြေညာပြီး နောက်ပိုင်း အရှေ့တောင်အာရှ၊ တောင်အာရှကနေ အရှေ့ အလယ်ပိုင်း၊ အာဖရိက နိုင်ငံတွေအထိ ချိတ်ဆက်မယ့် စီးပွားရေးကွန်ရက် လမ်းကြောင်းတွေပေါ်ပေါက်လာပါတယ်။ ကမ္ဘာတဝန်းမှာလည်း တရုတ် ကုမ္ပဏီတွေနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဒုနဲ့ဒေး ရှိလာပါတယ်။ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းပြီးနောက်မှာ ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းချိုင်စွမ်းအင်စီမံကိန်းနဲ့ အမေရိကန်ဒေါ်လာ ၂၂ သန်းတန် ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းမှုဇုံ စီမံကိန်းတွေကို […]
28 Oct 2021 Conflict, Peace & Security ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်ပေါက်ခဲ့သည်မှာ ခြောက်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာပင် အကျပ်ဆိုက်မှု deadlock ဖြစ်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေသေးသော်လည်း) NCA အကောင်အထည်ဖော်ရေး တရားဝင်လုပ်ငန်းစဉ်အားလုံး ရပ်တန့်နေပြီဖြစ်သည်။
21 Oct 2021 Conflict, Peace & Security မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ အပစ်ရပ် ကြေညာချက်အသစ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO) တွေကို ဦးတည် ပစ်မှတ်ထားပုံ ရပြီး၊ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUGနဲ့ PDF စတဲ့ အင်အားစု အသစ်များ ပါဝင်ပုံ မရပါဘူး။
29 Jul 2021 မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဦးစားပေးပြီး အင်တိုက် အားတိုက် လုပ်ကြ၊ ကာကွယ်ဆေး ထိုးနှံရေး အတွက် မဟာဗျူဟာတွေ ချမှတ်နေ ကြပေမယ့် မြန်မာမှာတော့ အရင်းအမြစ် မလောက်ငတာ၊ အာဏာသိမ်း စစ် ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်လိုတာ၊ စစ်ကောင်စီဘက်ကလည်း ပေါင်းစပ် ညှိနှိုင်းမှု မရှိတာတွေကြောင့် တကျောင်း တဂါထာ ဖြစ်နေပါတယ်။
7 Jul 2021 China Studies နှစ်တရာပြည့် တရုတ်ကွန်မြူနစ်ပါတီနှင့် အခြေမတည်နိုင်သေးသော ပါတီ-စနစ်အခြေခံမြန်မာ့နိုင်ငံရေး ၁၉၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ ၂၀၂၁ ခုနှစ် ဇူလိုင်မှာပဲ နှစ်တရာ ပြည့်မြောက်ခဲ့ပါပြီ။ ၁၉၉၁ ခုနှစ်တုန်းက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ချိန်မှာ တရုတ်ကွန်မြူနစ်ပါတီဟာလည်း မကြာခင်မှာ ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရာစုနှစ်တခုကြာ ဆက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် စတင်တည်ထောင်တဲ့ ၁၉၄၉ ခုနှစ်ကတည်းက အာဏာရပါတီအဖြစ် ရှိခဲ့တာကြောင့် နိုင်ငံ့အုပ်ချုပ်ရေးကို ၇၂ နှစ်ကျော်ကြာ တဆက်တည်း ရယူခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်မှု၊ နိုင်ငံခေါင်းဆောင်မှုတွေ အကြိမ်ကြိမ် ပြောင်းလဲခဲ့တဲ့အပြင် ပြည်တွင်းစစ်၊ အငတ်ဘေး၊ ယဉ်ကျေးမှုတော်လှန်ရေးလို လူတန်းစားပဋိပက္ခတွေ၊ တခါ ၁၉၈၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တီယန်မင်ရင်ပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့ကြားကပဲ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေးဦးဆောင်မှုကို ကာလရှည်ရယူခဲ့တာ […]
28 Jan 2021 မြန်မာနိုင်ငံရေးအကျပ်အတည်း ဖြစ်တန်ခြေသုံးရပ်နှင့် မဆင်းသက်အပ်တဲ့ အာဏာသိမ်းဝဲဩဃ မြန်မာ့နိုင်ငံရေးဟာ အကျပ်အတည်းဆိုက်နေပါပြီ။ အကျပ်အတည်းက ဖြစ်လာနိုင်တဲ့ ဖြစ်တန်ခြေ တွေထဲမှာ အာဏာသိမ်းရေးဟာလည်း တပ်မတော်ဘက်ပြောဆိုနေတဲ့ ဖြစ်တန်ခြေတခု ဖြစ်နေပါတယ်။
18 Jan 2021 ဧရာမ အထိုင်ပြန်ချ ကမ္ဘာ့စီးပွားရေး ဗဟိုချက်မလည်း ပြောင်းနေခဲ့တယ်။ သက္ကရာဇ် အေဒီ ၁ ကနေ ၁၅၀၀ အထိ ပထဝီတည်ရှိမှု အနေ အထား အရ ကြည့်ရင် တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကြားထဲမှာ ခွပြီး တည်ရှိနေခဲ့တယ်။ အဲဒီအချိန်ကာလက ဒီနေရာတွေမှာ လူဦးရေ အထူထပ်ဆုံး မင်းနိုင်ငံတွေ၊ အင်ပိုင်ယာတွေ ရှိခဲ့တယ်။
8 Nov 2020 Election ၂၀၂၀ ရွေးကောက်ပွဲအလွန် ထွက်ပေါက် အနှစ်ချုပ်ဆွေးနွေးချက် ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အတွက် မဲပေးခဲ့ကြပါပြီ။ တိုင်းပြည်မှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုတွေ တိုးလာနေတဲ့ အခြေအနေ၊ ယိုယွင်းလာနေတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအခြေနေ၊ ပိုမိုပြင်းထန်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခ အခြေနေ၊ ပထဝီနိုင်ငံရေး အားပြိုင်မှုများနေတဲ့ အခြေနေတွေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလွန် နိုင်ငံရေးဟာ မြန်မာနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အင်စတီးကျူးတွေရဲ့ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်ဖွယ်ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အလွန်နိုင်ငံရေးကို နိုင်သူတက်အုပ်ချုပ် ပြဿနာတွေ ပြေလည်မှာပါ တိုင်းပြည်လမ်းကြောင်းမှန် တိုးတက်ကောင်းမွန်သွား မှာပါဆိုတဲ့ by default option ရွေးချယ်မှုနဲ့တင် စဉ်းစားရင် လုံလောက်ဖွယ်မရှိပါဘူး။ ဒါကြောင့် […]
5 Nov 2020 Election ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် အွန်လိုင်းမဲဆွယ်လှုပ်ရှားမှုများအား ကနဦး ဆန်းစစ်ခြင်း ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ယခုရက်သတ္တပတ်အတွင်း ပြုလုပ်တော့မည် ဖြစ်သည်။ ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ပုံသဏ္ဍာန်များမှာ ယခင် ရွေးကောက်ပွဲနှစ်ကြိမ်နှင့်မတူ၊ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရသည်။ ကိုဗစ်ကာလဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကြောင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် မြေပြင် မဲဆွယ်နည်းထက် အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးမှုများကို ပိုမို အသုံးပြုခဲ့ရသည်။ အွန်လိုင်းအခြေပြု (တနည်း) ဆိုရှယ်မီဒီယာအသုံးပြု မဲဆွယ်ရာတွင် ပါတီများအနေဖြင့် နည်းလမ်းအမျိုးမျိုး သုံးကြသကဲ့သို့ ကိုယ်စားလှယ်လောင်းများသည်လည်း နည်းမျိုးစုံ သုံးကာ မဲဆွယ်မှုပြု နေ ကြသည်ကို တွေ့ရပါသည်။ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အဓိက အသုံးပြုသည်မှာ Facebook ဖြစ်ပါသည်။ ၂ဝ၂ဝ ပြည့် နှစ် စက်တင်ဘာအထိ သိရှိရသော စာရင်းများအရ မြန်မာနိုင်ငံတွင် လူမှုကွန်ရက် Facebook သုံးစွဲသူ […]
28 Oct 2020 Myanmar Quarterly လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေး မုန့်ဆီကြော်၊ နှုတ်ခမ်းနာနှင့် မဟာဗျူဟာမျှခြေ ရှာဖွေခြင်း ဒီဆောင်းပါးဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်ကပြုလုပ်တဲ့ UNFC Stakeholders ဆွေးနွေးပွဲရဲ့ တင်ပြချက်အပေါ် အခြေခံရေးသားထားတာ ဖြစ်ပါတယ်။ ဒါဟာ အခြေအနေနဲ့ အပြန်အလှန်ဆွေးနွေးချက်တွေအပေါ် မူတည်ပြီး ဆက်လက်ဖြည့်စွက်ရေးသားရမယ့်စာမူ ဖြစ်ပါ တယ်။ ဆောင်းပါးခေါင်းစဉ်မှာ ဖော်ပြထားသလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးအရ သဘော တူချက် ရယူနိုင်မှုမရှိသေးဘဲ လုံခြုံရေးကဏ္ဍကို အပြီးအပြတ်ဧကန်သဘော ဆွေးနွေးကြမယ် ဆိုရင် ‘နှုတ်ခမ်းနာနဲ့တည့်ပါ့မလား’ကိန်း ဆိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကို မဆွေးနွေးဘဲထားရင် လည်း ဖြစ်စဉ်တွေ ဆင့်ကဲမြန်ဆန်လာတဲ့အခါ အဆင်သင့်မဖြစ်တဲ့အားနည်းချက်ကို ကြုံရနိုင်ပါ တယ်။ ဒါကြောင့် လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ရင် တန်ဖိုးစံနှုန်းတွေအပေါ် အခြေ ခံတဲ့မြော်မြင်ချက် (vision) ကို ဆုပ်ကိုင်ပြီး ဘက်အသီးသီးအကြား ယုံကြည်မှုတည်ဆောက်နိုင် မယ့် အကျိုးစီးပွား အပေးအယူမျှခြေတွေကို […]
14 Aug 2020 Election မြန်မာ့နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီနည်းကျကိုယ်စားပြုခြင်းဆိုင်ရာ ဆင်ခြင်ယူဆချက်တချို့ ဒီမိုကရေစီမှာ နိုင်ငံရေးအရကိုယ်စားပြုမှုအကြောင်းပြောကြရင် နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲကို ချိတ်ဆက်ပြောဆိုကြရမြဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲ၊ နှစ် ၇၀ ကျော် ပြည်တွင်းစစ်နဲ့တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းနေရဆဲနိုင်ငံမှာတော့ နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ ဒီအခြေနေတွေကို ထင်ဟပ်သလား၊ ရွေးကောက်ပွဲတွေကရော ဒီမိုကရေစီ ခိုင်မြဲ တည်တံရေးနဲ့ အမျိုးသားရင်းကြားစေ့ ညီညွတ်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမလား ဆိုတာ စောကြောစရာကောင်းပါတယ်။ ဒီဆောင်းပါးမှာ ဆင်ခြင်အနုမာနပြုချင်တာကတော့ (၁) မြန်မာနိုင်ငံရေး ပါတီစနစ်နဲ့ ပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ လူ့အဖွဲ့စည်းရဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့နေနေသာ၊ လူ့အဖွဲ့စည်းရဲ့ အခြေခံပဋိပက္ခ တွေကို ပင်လျှင် ထင်ဟပ် ကိုယ်စားပြုနိုင်ခြင်း မရှိဘူး။ (၂) ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီမိုကရေစီ ကို ခိုင်မြဲ တည်တံစေဖွယ်ရှိ မရှိ၊ အမျိုးသားရင်ကြားစေ့ငြိမ်းချမ်းရေးကိုလည်း ဦးတည်နိုင်ချေရှိ မရှိက တော့ အာဏာရသူတွေရဲ့ […]