မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၉၄)
အာဏာသိမ်းမှုအလွန် သုံးနှစ်အတွင်း စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အုပ်ချုပ်ရေးယန္တရားထိပ်ပိုင်းကို ပြောင်းချည်ပြင်ချည် လုပ်ခဲ့ပါတယ်။ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာတော့ အဲဒီအကြောင်းအရာတွေကို ဖော်ပြထားတဲ့ ISP-Myanmar ရဲ့ Insight Email နေပြည်တော်လိုဂျီ အမှတ်-၄ ထဲကနေ ထုတ်နုတ်ဖော်ပြသွားပါမယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။