AuthorISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

သတိပြုရမည့် နိုင်ငံရေးစတိုရီဇာတ်ကြောင်း

I​​SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်း တွေ့ခွင့်ရခဲ့ပြီးနောက်ပိုင်း သတိပြုရမယ့် နိုင်ငံရေးစတိုရီဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။ နှစ်ရှည်ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်း တွေ့ခွင့် ရခဲ့ပြီးနောက်ပိုင်း ဆက်စပ်အခြေအနေတွေအပေါ် ISP...

အခြေမခိုင် စီးပွားရေး

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာ့စီးပွာရေးဟာ ဂျီဒီပီ သုံးရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းပေမယ့် ဒါဟာ အခြေမခိုင်သေးတဲ့ နာလန်ထမှု (Fragile Recovery) အဖြစ်ပဲ ရှိနေပါလိမ့်မယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာတော့ လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

ရှေ့တန်းပြန်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ

နှစ်ရှည်ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က နေပြည်တော်မှာ တွေ့ခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်း (Don Pramudwinai) က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုပါတယ်။

လုံခြုံရေး၊ သံတမန်ရေးတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းမှု ပိုလုပ်လာ

ISP-Myanmar က စုစည်းထားတဲ့ မြန်မာ – တရုတ်ဆက်ဆံရေး ရက်စဉ်မှတ်တမ်းကို အခြေခံပြီး ဒီကာလအတွင်း အာရုံစိုက်စရာဖြစ်ရပ်တွေကို ဖော်ပြပါမယ်။ စစ်ကောင်စီ ထိုးစစ်ဆင်နေချိန်မှာပဲ ဆဒုံး – ကန်ပိုက်တီလမ်းပိုင်းမှာ တရုတ်အရာရှိတွေ လိုက်ပါလာတဲ့ ယာဉ်တန်း ပစ်ခတ်ခံခဲ့ရပါသေးတယ်။

တရုတ်စီမံကိန်းများ အနီးတဝိုက် တိုက်ပွဲဖြစ်မှု ထက်ဝက်ကျော်လျော့ကျ

အာဏာသိမ်းမှုအလွန် တနှစ်ကျော်မှာ တရုတ်စီမံကိန်းတွေ အနီးတဝိုက် တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့ကျသွားပါတယ်။ I​​SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြောင်းအရာတွေကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်း မြေရှားတူးဖော်မှု ပိုမိုတိုးချဲ့လာ

က

အာဏာသိမ်းမှုအလွန် ကချင်ပြည်နယ်တွင်း တရားမဝင် မြေရှားသတ္တု တူးဖော်တင်ပို့မှုတွေ တိုးချဲ့လာနေပါတယ်။ I​​SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြောင်းအရာတွေကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

တရုတ်စီမံကိန်းများအနီးတဝိုက်တွင် တိုက်ပွဲဖြစ်မှု ထက်ဝက်ကျော်လျော့ကျ

အာဏာသိမ်း နှစ်နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်အထိ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့ မြို့နယ်တွေနဲ့ အခြား တရုတ်စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ မြို့နယ် ၆၁ ခုမှာ တိုက်ပွဲ ၂,၂၄၈ ကြိမ် ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ဒီအထဲက ၁,၄၈၆ ကြိမ်ထက်မနည်းဟာ ပထမ ၁၄လတာအတွင်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မတ်လအထိ) ဖြစ်ခဲ့တာပါ။

ငါးလအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် မြင့်တက်

၂၀၂၃ ခုနှစ် ပထမငါးလတာကာလအတွင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှု တွေက ဆက်လက်မြင့်တက်ခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာ အာဏာသိမ်းမှုအလွန် နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးမှု အခြေအနေကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

စစ်ကိုင်းဖိုရမ်နှင့် မျှော်မှန်းချက်သုံးရပ်

၂၀၂၃ ခုနှစ် မေ ၃၀ ရက်နဲ့ ၃၁ ရက်မှာ ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို ကျင်းပခဲ့ပါတယ်။ ဒီတပတ် ISP-Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ဒီဖိုရမ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေအပြင် စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

တရုတ်အစိုးရသစ် – မူဝါဒအပြောင်းအလဲ၊ မြန်မာနှင့် ဒေသတွင်းအပေါ် သက်ရောက်မှု

တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress – NPC) နဲ့ ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံညီလာခံ (Chinese People’s Political Consultative Conference – CPPCC) ဆိုတဲ့ အစည်းအဝေးနှစ်ရပ် (五年一次两会) ကို ၂၀၂၃ ခုနှစ် မတ် ၁၃ ရက်မှာ ပြုလုပ်ခဲ့ပါတယ်