၂၀၂၀ ရွေးကောက်ပွဲအလွန် ထွက်ပေါက်

အနှစ်ချုပ်ဆွေးနွေးချက် ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အတွက် မဲပေးခဲ့ကြပါပြီ။ တိုင်းပြည်မှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုတွေ တိုးလာနေတဲ့ အခြေအနေ၊ ယိုယွင်းလာနေတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအခြေနေ၊ ပိုမိုပြင်းထန်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခ အခြေနေ၊ ပထဝီနိုင်ငံရေး အားပြိုင်မှုများနေတဲ့ အခြေနေတွေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလွန် နိုင်ငံရေးဟာ မြန်မာနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အင်စတီးကျူးတွေရဲ့ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်ဖွယ်ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အလွန်နိုင်ငံရေးကို နိုင်သူတက်အုပ်ချုပ် ပြဿနာတွေ ပြေလည်မှာပါ တိုင်းပြည်လမ်းကြောင်းမှန် တိုးတက်ကောင်းမွန်သွား မှာပါဆိုတဲ့ by default option ရွေးချယ်မှုနဲ့တင် စဉ်းစားရင် လုံလောက်ဖွယ်မရှိပါဘူး။ ဒါကြောင့် […]

လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေး မုန့်ဆီကြော်၊ နှုတ်ခမ်းနာနှင့် မဟာဗျူဟာမျှခြေ ရှာဖွေခြင်း

ဒီဆောင်းပါးဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်ကပြုလုပ်တဲ့ UNFC Stakeholders ဆွေးနွေးပွဲရဲ့ တင်ပြချက်အပေါ် အခြေခံရေးသားထားတာ ဖြစ်ပါတယ်။ ဒါဟာ အခြေအနေနဲ့ အပြန်အလှန်ဆွေးနွေးချက်တွေအပေါ် မူတည်ပြီး ဆက်လက်ဖြည့်စွက်ရေးသားရမယ့်စာမူ ဖြစ်ပါ တယ်။ ဆောင်းပါးခေါင်းစဉ်မှာ ဖော်ပြထားသလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးအရ သဘော တူချက် ရယူနိုင်မှုမရှိသေးဘဲ လုံခြုံရေးကဏ္ဍကို အပြီးအပြတ်ဧကန်သဘော ဆွေးနွေးကြမယ် ဆိုရင် ‘နှုတ်ခမ်းနာနဲ့တည့်ပါ့မလား’ကိန်း ဆိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကို မဆွေးနွေးဘဲထားရင် လည်း ဖြစ်စဉ်တွေ ဆင့်ကဲမြန်ဆန်လာတဲ့အခါ အဆင်သင့်မဖြစ်တဲ့အားနည်းချက်ကို ကြုံရနိုင်ပါ တယ်။ ဒါကြောင့် လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ရင် တန်ဖိုးစံနှုန်းတွေအပေါ် အခြေ ခံတဲ့မြော်မြင်ချက် (vision) ကို ဆုပ်ကိုင်ပြီး ဘက်အသီးသီးအကြား ယုံကြည်မှုတည်ဆောက်နိုင် မယ့် အကျိုးစီးပွား အပေးအယူမျှခြေတွေကို […]

မြန်မာ့နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီနည်းကျကိုယ်စားပြုခြင်းဆိုင်ရာ ဆင်ခြင်ယူဆချက်တချို့

ဒီမိုကရေစီမှာ နိုင်ငံရေးအရကိုယ်စားပြုမှုအကြောင်းပြောကြရင် နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲကို ချိတ်ဆက်ပြောဆိုကြရမြဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲ၊ နှစ် ၇၀ ကျော် ပြည်တွင်းစစ်နဲ့တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းနေရဆဲနိုင်ငံမှာတော့ နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ ဒီအခြေနေတွေကို ထင်ဟပ်သလား၊ ရွေးကောက်ပွဲတွေကရော ဒီမိုကရေစီ ခိုင်မြဲ တည်တံရေးနဲ့ အမျိုးသားရင်းကြားစေ့ ညီညွတ်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမလား ဆိုတာ စောကြောစရာကောင်းပါတယ်။ ဒီဆောင်းပါးမှာ ဆင်ခြင်အနုမာနပြုချင်တာကတော့ (၁) မြန်မာနိုင်ငံရေး ပါတီစနစ်နဲ့ ပါတီတွေရဲ့ ပြိုင်ဆိုင်မှုဟာ လူ့အဖွဲ့စည်းရဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့နေနေသာ၊ လူ့အဖွဲ့စည်းရဲ့ အခြေခံပဋိပက္ခ တွေကို ပင်လျှင် ထင်ဟပ် ကိုယ်စားပြုနိုင်ခြင်း မရှိဘူး။ (၂) ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီမိုကရေစီ ကို ခိုင်မြဲ တည်တံစေဖွယ်ရှိ မရှိ၊ အမျိုးသားရင်ကြားစေ့ငြိမ်းချမ်းရေးကိုလည်း ဦးတည်နိုင်ချေရှိ မရှိက တော့ အာဏာရသူတွေရဲ့ […]

မြန်မာ ယခု ဘယ်ဆီသို့

အာရှလေ့လာရေး နော်ဒစ်အင်စတီကျူ့ စာအုပ်တိုက်၊ Burma/Myanmar: Where Now? Mikael Gravers and Flemming Ytzen (eds) Nordic Institute of Asia Studies Press, 2014. လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်လောက်က ဆိုရင်တော့ လေ့လာသူ အားလုံးရဲ့အမြင်မှာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ထိန်းချုပ်မှုအောက်က မြန်မာနိုင်ငံဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာစရာ မရှိဘူးလို့ ယူဆခဲ့ကြတာပါ။ ၂၀၁၁ ခုနှစ်မှာတော့ အားလုံး အံအားသင့်စရာ ကောင်းအောင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။  Mikael Gravers  နဲ့ Flemming Ytzen တို့ တည်းဖြတ်ပြီး ၂၀၁၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Burma/Myanmar: Where Now?  ဆိုတဲ့ စာအုပ်ဟာ […]

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦး အဆိုပြုချက်များ

The Myanmar Quarterly

မင်းဇင် ၁ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးဖြေလျော့မှု နောက်ပိုင်း ထူးခြားချက် တစ်ခုကတော့ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းခဲ့ချိန်ကစလို့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု ပြိုကွဲခွဲထွက်ရေး ထပ်တူပြုထားတဲ့ အမြင်ဟာ အားနည်းသွားတာပါပဲ။ ဖက်ဒရယ်ဟာ နိုင်ငံရေးအရ တားမြစ်ချက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ကို ဘယ်လို အနက်ကောက်မလဲ ဆိုတာကတော့ အင်အားစု အသီးသီးကြားမှာ အငြင်းအခုန် ဝိဝါဒပွားစရာ ဖြစ်နေဆဲပါ။ အားရစရာ တစ်ခုကတော့ ဝိဝါဒတွေကို ဘက်စုံဆွေးနွေးစရာ ပလက်ဖောင်း “စင်” အဖြစ် ၂၁ ရာစုပင်လုံ ညီလာခံ၊ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းဝေးလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအချင်းချင်း ဆွေးနွေးတဲ့ ညီလာခံ၊ တစ်တိုင်းပြည်လုံးက အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းဆွေးနွေးတဲ့ဖိုရမ် […]

ဒေါ်အောင်ဆန်းစုကြည်၏ မျှော်ရင်းဝေး ငြိမ်းချမ်းရေး

ဇွန်လ အစောပိုင်းက နေပြည်တော်တွင် အရေးပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတကျော့လုပ်ခဲ့ပြီး ရက်အနည်းငယ် အကြာ၌ မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမှ တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတခု မဆင်နွဲမီတွင် မြန်မာ့တပ်မတော်က သတိပေးစာစောင် များ လေယာဉ်ပေါ်မှ ကျဲချ၍ တနိုင်းမြို့နယ်တွင် နေထိုင်သူများကို ထွက်ခွာခိုင်းခဲ့သည်။ ဆက်လက်နေထိုင်သူ မည်သူ မဆို KIA နှင် ပူးပေါင်းဆောင်ရွက်သူဟု ယူဆမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။ နေအိမ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ပေါင်းများစွာ ပဋိပက္ခဒေသတွင်းတွင် ကျန်ရစ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်လက္ခဏာ ဖြစ်သော ငြိမ်းချမ်းရေးဆောင်ရွက်မှုက မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး ယူဆောင် မလာနိုင်ခဲ့ပါ။ တနှစ်ပင်မပြည့်သည့် ကာလအတွင်းတွင် အဓိက ငြိမ်းချမ်းရေးဆွေးနွေးပွဲ […]

ဒီမိုကရေစီတစ်ပိုင်း စပ်ကြားအုပ်စိုးမှု စနစ်အောက်က အရပ်ဘက် အဖွဲ့အစည်းများ၏ နိုင်ငံရေး

မင်းဇင် ၁ မြန်မာ့တပ်မတော် ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီအစိုးရကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရကို ၂၀၁၆ ဧပြီလမှာ အာဏာလွှဲပြောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေး အသွင်ကူးပြောင်းရေးရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ မြန်မာစကားပုံမှာ ”တစ်ဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဘူး” လို့ အဆိုရှိပေမယ့် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်နဲ့ အရပ်သားအစိုးရသစ်ကို တစ်ဂူတည်း အတူအောင်းနေဖြစ်အောင် ဖန်တီးထားပါတယ်။ တစ်နည်းပြောရရင်တော့ မြန်မာ့အုပ်စိုးမှုစနစ်ကို ရွေးကောက်ပွဲ ဒီမိုကရေစီ တစ်စိတ်တစ်ပိုင်းနဲ့ အာဏာရှင် အင်စတီကျုးရှင်းကျင့်ထုံး အားကောင်းမောင်းသန် ပေါင်းစပ်ထားတဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စပ်ကြားအုပ်စိုးမှုစနစ် hybrid regime အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီထက်ပြောရရင် အစိုးရသစ်ဟာ သည်းခြေကြိုက် နိုင်ငံရေးညွှတ်ချက် ရှိတာလည်း […]

Burma Votes for Change

The New Configuration of Power Burma’s 8 November 2015 general elections—won in a landslide by the opposition National League for Democracy (NLD), led by Nobel laureate Aung San Suu Kyi—have ushered in the second phase of the country’s political transition. The NLD won 390 (79.4 percent) of the 491 (due to the cancellation of seven […]