CategoryISP Clips

နိုင်ငံကျွမ်းဆောက်၊ ပြည်ကြာလျှင် မှောက်ကရော့မည် (အပိုင်း-၂)

ဒီတပတ် အပိုင်း-၂ မှာ သယံဇာတ ထုတ်လုပ်မှုတွေရဲ့ အကျိုးဆက်၊ သဘာဝဘေး ခံစားရမှုတွေနဲ့ ဒါကို ဘယ်သူတွေက ကူညီကယ်ဆယ်ပေးနေကြလဲဆိုတာ တင်ပြပါမယ်။

နိုင်ငံကျွမ်းဆောက်၊ ပြည်ကြာလျှင် မှောက်ကရော့မည် (အပိုင်း-၁)

စစ်တမ်းတွေ့ရှိချက်တွေကို အပိုင်းငါးပိုင်းခွဲပြီး ဖော်ပြသွားဖို့ ရှိပါတယ်။ ဒီတပတ် အပိုင်း-၁ အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲဂယက်တွေကို တင်ပြထားပါတယ်။

စစ်ပွဲများအလယ်က နယ်စပ်ကုန်သွယ်ရေး

တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်လိုက်ပြီး နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်သွားပါတယ်။

စစ်ကောင်စီ လက်လွှတ်လိုက်ရသည့် တရုတ်စီမံကိန်းများ

ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေအပြင် ရခိုင်ဒေသမှာပါ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်လာပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့် တရုတ်နိုင်ငံ၏ အားထုတ်မှု

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေပါဝင်တဲ့ စီမံကိန်းတွေ သိမ်းပိုက်ခံလာရချိန်မှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာပါတယ်။

နိုင်ငံအနှံ့တွင် နေအိမ်နှင့် အဆောက်အအုံ တသိန်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

အာဏာသိမ်းမှုအလွန် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား နေအိမ်နဲ့ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှုတွေက ဆက်လက် မြင့်တက်နေပါတယ်။

နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်ခံရမှုပေါင်း ၅,၈၀၀ နီးပါးရှိခဲ့

'စစ်ဆင်ရေး ၁၀၂၇' အလွန် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာ ဒီအကြောင်းအရာကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

စစ်ပြေးဒုက္ခသည်ပေါင်း ၆ ဒသမ ၃ သန်းကျော်ရှိလာ

အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေအတွင်း နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေအပြင် တိုက်ပွဲဖြစ်စဉ်တွေအကြား သေဆုံးခဲ့ရတဲ့ အရပ်သား အရေအတွက်က တိုးလာပါတယ်။

တရုတ်နိုင်ငံ၏ အလွှာစုံဆက်ဆံရေး ခြေလှမ်းပိုစိပ်လာ

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အလွှာစုံဆက်ဆံရေး လှုပ်ရှားမှုတွေ ခြေလှမ်းပိုစိပ်လာပါတယ်။ FPNCC လို တိုင်းရင်းသားအဖွဲ့တွေတင်မကဘဲ စစ်ကောင်စီရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေကစလို့ မီဒီယာအပါအဝင် ဘာသာရေးအသင်းအဖွဲ့တွေအဆုံး ထိတွေ့ဆက်ဆံမှုတွေ ပိုလုပ်တာလာပါ။

ဘေးမျိုးစုံဖြင့် ဒုက္ခပင်လယ်ဝေနေရသည့် မြန်မာပြည်သူများ

မနှစ်ကစတင်ခဲ့တဲ့ အယ်လ်နီညိုဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲရာသီဥတုဘေးတွေကို ပြည်သူတွေ ခံစားနေရဆဲဖြစ်ပါတယ်။ မိုးဦးနဲ့ မိုးလယ်ကာလတွေမှာ ဖြစ်လေ့ရှိတဲ့ ရေကြီးရေလျှံမှုအပြင် ဝမ်းရောဂါတွေကိုပါ ပြည်သူတွေ ရင်ဆိုင်နေကြရပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ပိုင်းခြားဖော်ပြသွားပါမယ်။