9 Feb 2023 Conflict, Peace & Security အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်၀င်္ကပါထဲ ဇွတ်တိုးဝင်ခြင်း အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် နေရာအတော်များများမှာ လက်နက်ကိုင်တော်လှန်မှုကလွဲပြီး အခြား ရွေးစရာမရှိတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင်တပ်ဖွဲ့ ၅၇၇ ဖွဲ့ထက်မနည်း ရှိလာပြီး နှစ်နှစ်အတွင်း တိုက်ပွဲဖြစ်မှု အကြိမ်ရေ ၈,၀၀၀ ကျော် ရှိလာပါတယ်။
27 Jul 2022 Conflict, Peace & Security သေဒဏ်စီရင်ခြင်းနောက်ဆက်တွဲနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကို ဖယ်ထုတ်မရတော့သည့် မြန်မာ့အကျပ်အတည်း နိုင်ငံရေးအရ သေဒဏ်ပေးခြင်း ကျင့်သုံးတာဟာ အာဆီယံအပါအဝင် နိုင်ငံတချို့က လမ်းကြောင်းပေးနေတဲ့ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေပြန်သွားဖို့ (Return to normalcy) အားထုတ်ရေးဆိုတာ မဖြစ်နိုင်တော့ကြောင်း သက်သေပြလိုက်တဲ့ နောက်ဆုံး အထောက်အထားတရပ်ပါပဲ။ တိုင်းပြည်ရဲ့ အနာဂတ်သစ် ဘယ်လိုပုံပေါ်လာမယ်ဆိုတာ မသိမြင်နိုင်သေးပေမဲ့ မြန်မာ့နိုင်ငံရေးမှာ ရှိရင်းစွဲအထိုင် (Old normal) ကနေ အကျပ်အတည်းပြဿနာကို အကဲဖြတ်ပုံ၊ ကြောင်းကျိုးဆင်ခြင် တည်ဆောက်နားလည်ပုံနဲ့ ဖြေရှင်းနည်းစဉ်းစားပုံတွေဟာ အောင်မြင်ဖို့ မရှိနိုင်တော့ပါဘူး။
20 May 2022 အမေရိကန်-အာဆီယံ ထိပ်သီးအလွန် ရလဒ်ထွက်အောင် အဖြေရှာရမည့် မြန်မာ့အရေး ပြီးခဲ့တဲ့ မေ ၁၂-၁၃ ရက်တွေမှာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်မှာ လုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကို ဖိတ်ကြားခြင်းမရှိခဲ့ဘဲ အစည်းအဝေး ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်က ဖိတ်ခေါ်ခဲ့ပြီး အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဝင်ဒီရှာမန် အပါအဝင် အမေရိကန် နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံစေခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ခဲ့ တာကို တရားဝင် သတင်းထုတ်ခဲ့ပါတယ်။
11 May 2022 Conflict, Peace & Security အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်အပေါ် တုံ့ပြန်မှုတွေကို ကြည့်ရင် အခြေအနေသုံးရပ်ကို မြင်သာစေပါတယ်။ ပထမအချက်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေဟာ အရင်ကလိုပုံမှန်အခြေအနေ (old normal) မဟုတ်တော့ဘူး၊ ဘက်အသီးသီးက တိုင်းပြည်ကို သူတို့လိုလားတဲ့ အခြေအနေသစ် (new normal) အဖြစ် ဖန်တီးဖို့ ကြိုးစားနေကြပြီး၊ တိတိပပ ပုံပေါ်လာတာ မရှိသေးပါဘူး။ သေချာတာကတော့ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု အခင်းအကျင်းမျိုးရဖို့ ရေခံမြေခံရှိတဲ့ ပုံမှန်အခြေအနေမဟုတ်တော့တာ၊ ရှိရင်းစွဲအထိုင်ကိုလွန်သွားပြီ (post-normal) ဆိုတဲ့အပေါ် သိမြင်ချက်က စစ်ကောင်စီဘက်၊ အထူးသဖြင့် စစ်ကောင်စီ ဥက္ကဋ္ဌဆီမှာ ရှိနေပုံမရပါဘူး။
10 Mar 2022 Conflict, Peace & Security မြန်မာ့အရေး အဖြေရှာမှုနှင့် အင်အားကြီး နိုင်ငံများအကြား အားပြိုင်မှုအတွက် အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူတွေလည်း ရလဒ်ထွက်ပေါ် အောင် မလုပ်နိုင်သေးသလို၊ အခြားတဖက်မှာလည်း ယုံကြည်ထိုက်လိုက်တဲ့ ကိုးစားခံရမှု အားသာချက် (Credibility Leverage) က ကျဆင်းနေပါတယ်။ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေ မစခင်မှာပဲ စစ်တပ်နဲ့ အာဏာခွဲဝေရေး (Power-sharing) ဆိုတဲ့ အင်တာဗျူး စကားရပ်ကြောင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စနိုရင်းဟေဇာဟာ တာအထွက်မှာ တက်ကျိုးသလို ဖြစ်ခဲ့ရပါတယ်။ တခါ အာဆီယံဘုံသဘော တူညီချက်ငါးရပ်မှာ အခြေခံ အကျဆုံးဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အာဆီယံအထူး ကိုယ်စားလှယ်သစ်က နားမချနိုင်သေးပါဘူး။ ဒါ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဘက်အသီးသီးနဲ့ တရားဝင်အပြုသဘော တွေ့ဆုံဆွေးနွေးဖို့ရာလည်း နှောင့်နှေးနေပါတယ်။ ဂျပန် အထူးကိုယ်စားလှယ် ဆာဆာကာဝါကတော့ စစ်တပ်နဲ့နီးစပ်သူ ဖြစ်တာကြောင့် သူ့အပေါ် မြန်မာ့တော်လှန်ရေးအတိုက်အခံများရဲ့ ယုံကြည်မှုက အားနည်းပါတယ်။
1 Feb 2022 Conflict, Peace & Security စစ်အာဏာသိမ်းမှု တနှစ်ပြည့်<br>ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ် အာဏာသိမ်းခဲ့တဲ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေဟာ သူတို့အပေါ်ဆန့်ကျင်တဲ့ တွန်းလှန်ပုန်ကန်မှုမျိုးစုံကို နိုင်ငံအနှံ့ ဒေသအများစုမှာ ရင်ဆိုင်နေရပြီး အာဏာကိုင်စွဲအုပ်ချုပ်ခွင့်လည်း အခုထိမရသေးပါဘူး။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမျက်နှာစာမှာ အဖတ်ဆယ်လို့မရအောင် နိုင်ငံရဲ့ ဂုဏ်သိက္ခာက ချွတ်ခြုံကျခဲ့ရပြီဖြစ်သလို ပြည်သူလူထုရဲ့ နိစ္စဓူဝ ရှင်သန်ရပ်တည်ရမှုတွေကလည်း အဆိုးဆုံးသောအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီဘက်က ဖမ်းဆီး နှိပ်စက်တာတွေ၊ တိုက်ပွဲတွေနဲ့အတူ စစ်ပြေးဒုက္ခသည် တိုးပွားလာတာနဲ့ အရပ်သားသေဆုံးမှု စံချိန်တင်များလာတာစတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကိုလည်း ကြီးစွာရင်ဆိုင်နေရပါတယ်။
22 Jan 2022 Conflict, Peace & Security ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ “လူသားချင်းစာနာထောက်ထားမှုအပြင်” (Humanitarian Plus) ချဉ်းကပ်မှုနည်းလမ်း စစ်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးက အဓိကကျလာပါတယ်။ ဒီအရေး ဖြေရှင်းနိုင်ဖို့အတွက် Humanitarian Plus ဆိုတဲ့ ချဉ်းကပ်မှုကို ပြောဆိုကြရာမှာတော့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ သက်သက်သာမက၊ “အပြင်” (Plus) ဆိုပြီး ဖြည့်စွက်ထည့်သွင်း ဆောင်ရွက်ရမယ့် ကိစ္စရပ်နဲ့ ဒီလို ဆောင်ရွက်မယ့်နယ်ပယ်က ဘယ်အတိုင်းအတာအထိ ကျယ်ပြန့်သွားမလဲဆိုတဲ့ အယူအကောက်ကတော့ သဲသဲကွဲကွဲ မရှိသေးပါဘူး။
11 Jan 2022 Conflict, Peace & Security စောင့်ဆိုင်းခြင်း၊ ရှုတ်ချခြင်းတို့ဖြင့် လူမဆန်သော စစ်ဘေးနှင့် အရပ်သားပြည်သူ ကာကွယ်ရေးအပေါ် ဖြေရှင်းနိုင်ဖွယ်မရှိ ပြီးခဲ့တဲ့လပိုင်းအတွင်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းထိုးစစ်အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုက စံချိန်တင် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေ လောင်မီးကျနေချိန်မှာပဲအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုလာခဲ့ပြီး လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။
21 Dec 2021 မြန်မာ့အရေး ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်နှင့် လုပ်နိုင်စွမ်းအကန့်အသတ် ကနဦးသုံးသပ်ချက် (အမှတ်-၄) ∎ ဖြစ်ရပ်အချက်အလက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်း (Prak Sokhonn) ကို တာဝန်ပေးလိုက်ကြောင်း ၂၀၂၂ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမယ့် ကမ္ဘောဒီးယားနိုင်ငံက ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်သစ် ပရက်ဆုက်ခွန်းဟာ သူ့အရင် တာဝန်ယူခဲ့တဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒါတို အီရီ ဝမ်ယူဆော့ဖ် မလုပ်နိုင်ခဲ့တဲ့ကိစ္စ၊ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ဖို့ အာဆီယံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ဘုံသဘောတူညီချက်ငါးရပ် အထမြောက်အောင် ဆက်လက် တာဝန် ယူရမှာပါ။ Download as PDF ∎ ကနဦးသုံးသပ်ချက် စစ်အာဏာသိမ်းပြီး ၁၀ လကျော် ကြာလာပြီဖြစ်တဲ့ မြန်မာ့ အကျပ်အတည်းမှာ ပါဝင်နေသူတွေအနေနဲ့ အခြေအနေဆိုးက ကျော်လွှားဖို့ […]
14 Dec 2021 China Studies တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီနှင့် မြန်မာနိုင်ငံ တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်အကြောင်း ဖော်ပြခဲ့တဲ့ စက္ကူဖြူ စာတမ်းတစောင်ကို တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ခဲ့ပါတယ်။ အမေရိကန်က ဦးဆောင်ပြုလုပ်မယ့် ဒီမိုကရေစီထိပ်သီးညီလာခံ မစခင် ငါးရက်အလိုမှာ အဲဒီလို ထုတ်ပြန်ခဲ့တာပါ။
10 Dec 2021 Conflict, Peace & Security အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်း ကနဦးသုံးသပ်ချက် (အမှတ်-၂) ဒီဇင်ဘာ ၁၀ ရက် မြန်မာ့အကြမ်းမဖက်လှုပ်ရှားမှု ∎ ဖြစ်ရပ်အချက်အလက် ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ မြန်မာပြည်တဝှမ်း အသံတိတ် သပိတ်မှောက်ကြပါတယ်။ မြေပြင်မှတ်တမ်းဓာတ်ပုံတွေအရ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု အားကောင်း တာ၊ လှုပ်ရှားမှုအောင်မြင်တာ တွေ့ရပါတယ်။ လှုပ်ရှားမှုရဲ့ ကြွေးကြော်သံက “ဆိတ်သုဉ်း နေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဆိုတာပဲဖြစ်ပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ https://anchor.fm/isp-myanmar/episodes/ep-e1c47qu Download as PDF ∎ ကနဦးသုံးသပ်ချက် အသံတိတ်သပိတ်ရဲ့ အောင်မြင်မှုက စစ်အာဏာသိမ်းမှုကို ဆန့် ကျင်တဲ့ ပြည်သူများရဲ့ သန္နိဋ္ဌာန်နဲ့ ပစ်တိုင်းထောင်လို အလဲအဖြို မခံ ကြံ့ကြံ့ခိုင် ပြန်ရုန်းထနိုင်စွမ်းကို ပေါ်လွင်စေပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သှူပါဝင်မှု အရေအတွက်သာမက အရည်အသွေး အရလည်း […]
6 Dec 2021 Conflict, Peace & Security အကျဉ်းချရုံဖြင့် ပျက်ပြယ်မသွားမည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ ကနဦးသုံးသပ်ချက် (အမှတ်-၁) ∎ ဖြစ်ရပ်အချက်အလက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီရဲ့ အထူးတရားရုံးက ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်ပါတယ်။ စစ်ကောင်စီက တရားစွဲထားတဲ့ အမှု ၁၂ ခုထဲက နှစ်ခုနဲ့ အခုလို အမိန့်ချခဲ့တာဖြစ်ပြီး အမှု ၁၀ ခုကို ဆက်လက် တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း နေအိမ် အကျယ်ချုပ် ၁၅ နှစ် ကျော်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ အမျိုးမျိုးသုံးပြီး အမှုပေါင်း တဒါဇင်နဲ့ တရားစွဲဆိုခဲ့တာဟာ ဒီတကြိမ် ပထမဆုံးဖြစ်ပါတယ်။ ∎ ကနဦးသုံးသပ်ချက် ဗိုလ်ချုပ်နေဝင်း၊ ဒေါက်တာမောင်မောင်က စလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ ဦးသိန်းစိန်အလယ် ဒီကနေ့ စစ်ခေါင်းဆောင်တွေအထိ ဒေါ်အောင်ဆန်းစုကြည် ပုစ္ဆာဟာ အာဏာရှင်တွေကို ခေါင်းခြောက် စေခဲ့ပါတယ်။ ဒီပုစ္ဆာကို ဘယ်လိုပဲ ရှင်းရှင်း (ဖိနှိပ်ထောင်ချလို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးမှာ ၂၀၀၈ အခြေခံ ဥပဒေ အထိန်းအကွပ်ထဲက အကန့်အသတ်ဘောင်နဲ့ ပြန်ပါခွင့် ပေးတာပဲဖြစ်ဖြစ်) နိုင်လည်းရှုံး၊ ရှုံးလည်း ရှုံး ဆိုသလို နှာခေါင်းကျည်ပွေ့ တွေ့ခဲ့ရတာချည်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ပုစ္ဆာဆိုတာ သူ့အပေါ် ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ နိုင်ငံတကာက လက်ခံ အသိအမှတ် ပြုခြင်းကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ၁၉၅၈ ခုနှစ်ကစလို့ စစ်အစိုးရ အဆက်ဆက်မှာ လွတ်လွတ်ကျွတ်ကျွတ် ဘယ်တုန်းကမှ မရဖူးတဲ့ (အာဏာကိုင်စွဲ အုပ်ချုပ်ဖို့ ယုံကြည် အပ်နှင်းခံရမှု legitimacy) ပါပဲ။ အာဏာ သိမ်းထားသူတွေ၊ အာဏာ ရယူလိုသူတွေက ဒီပုစ္ဆာကို မဖြေရှင်းနိုင်သရွေ့ မြန်မာ့နိုင်ငံရေးမှာ လိုရင်းမပေါက်၊ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဖြစ်နေမှာပါ။ ဒီလိုပြောလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် အပ်နှင်းခံရမှု legitimacy ဟာ တသမတ်တည်း ရှိတယ်လို့ မယူဆပါဘူး။ အတက်အကျ၊ အကွေ့အပြောင်း၊ အပွန်းအပဲ့ ရှိတတ်ပါတယ်။ (ဥပမာ- ရိုဟင်ဂျာ အရေး၊ တိုင်းရင်းသား အရေး၊ ငြိမ်းချမ်းရေး စသဖြင့်) အခုလည်းနွေဦးတော်လှန်ရေးမှာ အသစ် အသစ် ပေါ်ထွက်လာတဲ့ နိုင်ငံရေး ဇာတ်ဆောင် ပလေယာ အသစ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား သဘောထားတွေ အံကိုက်လည်း ကျနိုင်သလို၊ အဟတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- အားလုံးက စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ သပိတ်မှောက်ရေး လှုပ်ရှားမှု (CDM) လုပ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီ တရားရုံးကိုအသိအမှတ်ပြုကာ တရားရင်ဆိုင်နေတဲ့အပေါ် မကျေနပ်ကြတဲ့ ပလေယာတွေ ရှိတာကိုလည်း သတိပြုမိကြမှာပါ။ ၁၉၉၀ ပြည့်နှစ်၊ ၂၀ဝ၀ ပြည့်နှစ်တွေနဲ့ မတူတာက ဒီတကြိမ်မှာတော့ အနောက်နိုင်ငံတွေသာမက တရုတ် အပါအဝင် အာဆီယံနိုင်ငံတွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို တည်ငြိမ်တဲ့ အပြောင်းအလဲအတွက် လိုအပ်တဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ် ထားကြတာပါ။ အောက်တိုဘာလတုန်းက အာဆီယံ အထူးကိုယ်စားလှယ် ခရီးစဉ် ပျက်ခဲ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခွင့်မရခြင်းက အဓိကပါပဲ။ ဒီလို တွေ့ခွင့် မပေးရခြင်းက တရား ရင်ဆိုင်နေရဆဲ ဖြစ်တာကြောင့်လို့ စစ်ကောင်စီက အကြောင်း ပြပါတယ်။ အခု စီရင်ချက် ချပြီးပြီ ဆိုရင် အကျဉ်းထောင်ကိုပို့မလား၊ ပုံစံ တမျိုးမျိုးနဲ့ နေအိမ် အကျယ်ချုပ် ပြန်ထားမလား၊ အရင်ကလို နိုင်ငံတကာ အထူးသံ ကိုယ်စားလှယ်တွေနဲ့ ပြန်တွေ့ခွင့် ပေးမလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကရော မြန်မာ့နိုင်ငံရေး အတွက် အညွှန်းပြုစရာ ပြန်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ https://anchor.fm/isp-myanmar/episodes/ep-e1c2u74 ∎ ဖြစ်တန်ခြေ အကဲဖြတ်ချက် စစ်ကောင်စီ အာဏာသိမ်းခြင်းရဲ့ အရင်းခံ အကြောင်းတခုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ၂၀ဝ၈ ခုနှစ် အခြေခံ ဥပဒေနဲ့ ထိန်းပြီး ဘောင်အတွင်းက ခွင့်ပြုခဲ့တာတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဩဇာကို မကျော်နိုင်တာ၊ ဒေါ်အောင်ဆန်းစုကြည်ပုစ္ဆာကို မဖြေရှင်းနိုင်ခဲ့တာက အဓိက အကြောင်းတခု ဖြစ်ပါတယ်။ အခုလည်း မြန်မာ့နိုင်ငံရေးဟာသင်ခန်းစာ ကျော်မရတဲ့ စာမေးပွဲလိုပဲ ဒီပုစ္ဆာနဲ့ ပြန်တိုးရဖွယ် ရှိနေပါတယ်။ မြန်မာ့နိုင်ငံရေးကို အဖြေရှာရာမှာ ပုဂ္ဂိုလ်ရေး အားပြုတာကို ကျော်လွန်ပြီလို့ (ဖြစ်လည်း ဖြစ်သင့်သလို) မျှော်လင့်ချင်ကြသူတွေ ရှိစေကာမူ၊ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသရွေ့၊ ဒေါ်အောင်ဆန်းစုကြည် ပုစ္ဆာဟာ တခန်းတကဏ္ဍ ကြီးကြီးမားမား အရေးပါဖွယ် ရှိနေပါသေးတယ်။ စစ်ကောင်စီကအခုလို ထောင်ချ ဖိနှိပ် ကန့်သတ်ခြင်းကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍက ပျယ်ပြယ်သွားမယ့်ပုံ မရှိပါဘူး။ ▂ ယခုဖော်ပြသည့် ISP’s OnPoint ကဏ္ဍတွင် လတ်တလော ဖြစ်ပေါ်နေသော ထူးခြား အရေးပါသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ဆီလျော်မည့် ကနဦး သုံးသပ်ချက်များကို ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားရေးသားပြီး ဖြစ်တန်ခြေများအား ISP-Myanmar ကအကဲဖြတ် ဖော်ပြသွားပါမည်။