CategoryISP Data Matters

စစ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်းလုံးတွင် တိုက်ပွဲပေါင်း လေးထောင့်ခြောက်ရာကျော်ဖြစ်ပွားခဲ့

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ နေရာအနှံ့ဖြစ်ပွားခဲ့ပြီးတော့ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာတော့ ပဋိပက္ခ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၁၅ ရက်အတွင်း ISP-Myanmar က လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲအကြိမ်ရေ ၂,၄၃၂ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဝင်ရောက်

ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အခြားဝန်ဆောင်မှုများကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁၃ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ခဲ့ပါတယ်။ ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော်နဲ့ ဒုတိယအများဆုံးဝင်ရောက်ခဲ့ပါတယ်။ အိမ်ခြံမြေကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၃၈ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှာ ၁၇ သန်းကျော်နဲ့ မွေးမြူ‌ရေးနှင့်‌ ရေလုပ်ငန်း ကဏ္ဍတွေမှာလည်း ၁၅ သန်းကျော် စီဝင်ရောက်ခဲ့ပါတယ်။...

စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော်ရှိလာ

အာဏာသိမ်းကာလတနှစ်ကျော် ကြာမြင့်လာပြီဖြစ်ပေမယ့်လည်း စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးနှိပ်စက်ခံရတာကြောင့် သေဆုံးနေသူတွေရဲ့ အရေအတွက်ကလည်း မြင့်တတ်နေဆဲပဲဖြစ်ပါတယ်။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်းအရပ်သားသေဆုံးမှုတွေထဲမှာမှ ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရတာတွေနဲ့ ဖမ်းဆီးခံရပြီးနောက်သေဆုံးခဲ့ရသူ ၁,၈၃၁ ဦးရဲ့ ဒေသတွေကို ထပ်မံခွဲခြမ်း စိတ်ဖြာကြည့်ရင် စစ်ကိုင်းတိုင်းက သေဆုံးသူဦးရေ ၅၉၉...

နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများဖိနှိပ်ခံရမှု စံချိန်တင်

ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာ လုပ်ငန်း ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ပစ်ခတ်မှုများကြောင့် တ ဦး နဲ့ စစ်ကြောရေးမှာ တ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး...

၂၀၂၂ ခုနှစ် ဧပြီ တလတည်းအတွင်း စစ်ပြေးဒုက္ခသည် ငါးသောင်းရှစ်ထောင်ကျော် တိုးလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၈၁၀,၈၈၉ ကျော်ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၃၀၈,၀၈၉ ကျော် ရှိလာပါတယ်။ တခါ...

တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်တွင်နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင်

လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းတွေအရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၇,၀၉၁ ဦးထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံ ရသူ ၄,၅၅၆ ဦးခန့် သာ ပါဝင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကျန် ၉၀ ရာခိုင်နှုန်းကျော်ကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ခြင်းမရှိတဲ့ အခြား ပြစ်မှု ၊ပြစ်ဒဏ်တွေနဲ့ အကျဥ်းကျခံနေရသူတွေဖြစ်ပါတယ်။ ဒါကြ...

အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း အရပ်သား ၂,၃၀၀ ကျော်သေဆုံးခဲ့

ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၇၃၀ ဦးထက်မနည်းရှိခဲ့ပြီးတော့လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် သေဆုံးခဲ့ရတဲ့အရေအတွက်ဟာ စုစုပေါင်း ၆၁၅ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်အာဏာ သိမ်းမှုနောက်ပိုင်းမှာ လအလိုက် ပုံမှန်သေဆုံးမှုတွေရှိနေခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ...

ငါးလအတွင်း စင်ကာပူနှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်၊ အီးယူအပါအဝင် အနောက်နိုင်ငံများမှလည်း ပြန်လည်ဝင်ရောက်လာ

ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆သန်းကျော်နဲ့ အများဆုံးဝင်ရောက်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေပါတယ်။ ဒ့ါအပြင် ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားတာဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ သတ္တုတူးဖော်ရေး၊ ရေနံနှင...

နိုင်ငံတဝန်း လူပေါင်း ၁၃,၀၀၀ ထက်မနည်း ဖမ်းဆီးခံရ

ဖမ်းဆီးခံရတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရမယ်ဆိုရင် ၂၀၂၁ ခုနှစ် မတ်၊ ဧပြီ၊ မေ သုံးလမှာ ၄,၇၀၀ ဦး ထက်မနည်း စံချိန်တင်ဖမ်းဆီးခံခဲ့ရပြီးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၁၁,၂၈၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ပထမသုံးလမှာ တော့ စုစုပေါင်း ၁၇,၀၀ ဦးထက် မနည်းဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်...