Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
issue:113, 2 Oct 2025 Conflict, Peace & Security ဗန်းမောက်၏ အရပ်သုံးမျက်နှာကို တော်လှန်ရေးတပ်များ တိုးချဲ့ထိန်းချုပ် ဗန်းမောက်မြို့နယ်၏ အရပ်လေးမျက်နှာအနက် မြောက်ဘက်ဒေသကလွဲ၍ အရှေ့-အနောက်-တောင်မျက်နှာရှိ ဒေသများကို တော်လှန်ရေးတပ်များက ပိုမိုတိုးချဲ့ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
issue:112, 26 Sep 2025 Conflict, Peace & Security ကချင်ပြည်နယ်ကနေ မြေရှားသတ္တုတင်ပို့နိုင်သော လမ်းကြောင်းများ KIO ထိန်းချုပ်ထားသော မြေရှားသတ္တုတွင်းများကနေ သတ္တုကုန်ကြမ်းများကို နယ်စပ်ဂိတ်လေးခုကတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေသည်။ KIO အနေနှင့် အိန္ဒိယနိုင်ငံသို့ မြေရှားတင်ပို့မည်ဆိုပါက ပြန်လည်ပြင်ဆင်မည့် လီဒိုလမ်းမကြီးအပြင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ရှိ မြို့များကို ဖြတ်သန်း၍လည်း သယ်ဆောင်နိုင်ခြေရှိသည်။
issue:111, 19 Sep 2025 Conflict, Peace & Security အစုအပြုံလိုက်သတ်ဖြတ်ခံရသူ ၅၇ ရာခိုင်နှုန်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ် အရပ်သား ၁၀ ဦးနှင့်အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဥ် ၉၂ ခုတွင် သေဆုံးသူ ၁,၈၀၈ ဦး ရှိခဲ့သည်။ သေဆုံးသူ အားလုံး၏ ၅၇ ရာခိုင်နှုန်းသည် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။
issue:110, 19 Sep 2025 China Studies ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေးလမ်းမကြီး ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေးလမ်းမကြီးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းခရိုင် ထိန်ချုံးမြို့မှ ကချင်ပြည်နယ်နယ်စပ် ကန်ပိုက်တီ၊ ထိုမှတဆင့် မြစ်ကြီးနားကိုဖြတ်ကာ လီဒိုလမ်းမအတိုင်း မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်မြို့အထိ ချိတ်ဆက်မည့် အစီအမံဖြစ်သည်။
issue:109, 15 Sep 2025 Conflict, Peace & Security တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေအများအပြား ရရှိခဲ့ ‘စစ်ဆင်ရေး ၁၀၂၇’နောက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များသည် နယ်မြေတိုးချဲ့ ထိန်းချုပ်နိုင်မှု အားကောင်းခဲ့သည်။ စစ်ကောင်စီအနေနှင့် စုစုပေါင်း ၉၈ မြို့ကို လက်လွှတ်ခဲ့ရပြီး စစ်ရေးအရ အရေးပါသော နယ်မြေအများစုကိုလည်း ဆုံးရှုံးခဲ့ပါသည်။
issue:108, 25 Aug 2025 Conflict, Peace & Security တော်လှန်ရေးလက်နက်ကိုင်တပ်များ၏ ထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ‘တပ်ကိုကိုင်လှုပ်ခဲ့သော ၁၀ လတာရှော့ခ်’ကာလအတွင်း စစ်ကောင်စီရဲ့ နယ်မြေဆုံးရှုံးမှုတွေလည်း ကြီးမားခဲ့ပါတယ်။
issue:107, 12 Aug 2025 Conflict, Peace & Security အုပ်ချုပ်ရေးလက်တံများ ဖြန့်ကြက်လာသော တအာင်း(တအန်းပလောင်) TNLA ထိန်းချုပ်ဒေသများတွင် တအန်းပလောင်လူဦးရေသည် (မြို့နယ် ၁၀ ခုရှိ) စုစုပေါင်းလူဦးရေ၏ ၁၉ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။
issue:106, 23 Jul 2025 Conflict, Peace & Security ချင်းပြည်နယ် နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို တော်လှန်ရေးတပ်များ ထိန်းချုပ် ချင်းပြည်ကောင်စီ (CC)က မြို့ခြောက်မြို့နှင့် ချင်းညီနောင်မဟာမိတ် (CB) အဖွဲ့က မြို့ရှစ်မြို့ကို သိမ်းယူပြီးနောက် ချင်းပြည်နယ်ရှိ နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို ချင်းတပ်များက ထိန်းချုပ်ထားသည်။
issue:105, 18 Jul 2025 Conflict, Peace & Security ကရင်ပြည်နယ်ရှိ နယ်မြေ ၆၁ ရာခိုင်နှုန်းခန့်ကို KNU ထိန်းချုပ်ထား စစ်အာဏာသိမ်းမှုအလွန် လေးနှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) သည် ကရင်ပြည်နယ်ရှိ နယ်မြေ ၆၁ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပါသည်။
issue:104, 11 Jul 2025 Conflict, Peace & Security စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် AA ၏ မဟာမိတ်တပ်ဖွဲ့များ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့များအနက် အနည်းဆုံး ၂၃ ဖွဲ့ကို အာရက္ခတပ်တော်(AA)က လက်နက်ရိက္ခာနှင့် စစ်သင်တန်း စသည့် အရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝထောက်ပံ့လျက်ရှိသည်။
issue:103, 11 Jul 2025 Conflict, Peace & Security ရခိုင်ပြည်ပြင်ပအထိ ဖြန့်ကြက်ထားသော အာရက္ခတပ်တော် အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်နယ်၏ နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး ရခိုင်ပြည်နယ်တခုလုံးကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိသည်။
issue:102, 24 Jun 2025 Conflict Economy ဒေသတွင်းမြစ်ချောင်းများအပေါ် မြေရှားသတ္တုလုပ်ကွက်များ၏ အန္တရာယ် ချီဖွေမြို့နယ်အတွင်း မြေရှားသတ္တုလုပ်ကွက်များ တိုးချဲ့လာမှုကြောင့် မြန်မာနိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ထဲသို့ စီးဝင်သည့် မေခမြစ်အပါအဝင် အခြားဒေသတွင်း မြစ်ချောင်းများကို အန္တရာယ်ပြုနေသည်။
issue:101, 24 Jun 2025 Conflict Economy မြေရှားသတ္တု ဖြတ်သန်းတင်ပို့ရာ နယ်စပ်ဂိတ်များ ချီဖွေမြို့နယ်မှ တူးဖော်ရရှိသော မြေရှားသတ္တုများကို ပန်ဝါ၊ ဖီမော်၊ ကန်ဖန်ဂိတ်များနှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်နိုင်ငံ ထိန်ချုံးဒေသသို့ တင်ပို့သည်။
issue:100, 30 May 2025 Conflict, Peace & Security တနင်္သာရီ နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပဋိပက္ခဆက်စပ်အခြေအနေ တနင်္သာရီတိုင်းအတွင်း လက်နက်ကိုင်ပဋိပက္ခများ၌ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းယူခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်သည့် ထီးခီးနှင့် မောတောင်နယ်စပ်ဂိတ်များအနီးက တပ်စခန်းများလည်း ပါဝင်ခဲ့သည်။
issue:99, 30 May 2025 Conflict, Peace & Security အရှေ့တောင်ပိုင်းဒေသအတွင်းရှိ EAOs များ၏ လှုပ်ရှားစိုးမိုးထိန်းချုပ်မှုများ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် အဓိက EAOs ခုနစ်ဖွဲ့နှင့် PDFs တပ်ဖွဲ့ပေါင်း ၈၅ ဖွဲ့ထက်မနည်း ရှိသည်။ EAOs များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ဖြစ်ပြီး ကော်သူးလေတပ်မတော်(KTLA)နှင့် စစ်ကောင်စီနယ်ခြားစောင့်တပ်(BGF) တို့လည်း ရှိနေသည်။