ISP Products

What Matters

15 Sep 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၈) ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ (၂၀၂၁) ◉ ၁,၀၈၉ ဦးထက်မနည်း သေဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (စက်တင်ဘာ ၁၂ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၀၈၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ရဲ့ စက်တင်ဘာ ၁၂ ရက်အထိ မှတ်တမ်းပြုစုမှုအရ သေဆုံးသူ ၁,၀၂၀ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download as PDF ◉ သေဆုံးသူ ၄၅ ဦးတိုးလာ စက်တင်ဘာ ၅ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၅) နဲ့ နှိုင်းယှဉ်ကြည့်ရင် အသစ်ထပ်တိုးလာတဲ့ သေဆုံးသူအရေအတွက်က တပတ်ကျော်ကာလအတွင်း ၄၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ မကွေးတိုင်းအတွင်းသေဆုံးခဲ့ကြရသူတွေက အများဆုံး ဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်မှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးနောက် ဒေသခံအချို့ နဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်ကလက်နက်ကြီးအသုံးပြုမှု၊ အင်အားသုံး ဖြိုခွင်းမှု တွေကြောင့် ဒေသခံပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြရပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ သေဆုံးခဲ့ရသူ ၁,၀၈၉ ဦးကို အသက် အုပ်စုအလိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန် ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ယခုတပတ် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာအတွင်း သေဆုံးခဲ့သူ ၁၇ ဦးအနက် အသက် ၁၈ နှစ်အောက် လူငယ် ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ရသူ ၁၁၇ ဦးကျော်ရှိ တခါ ဦးခေါင်းကို သေဆုံးခဲ့ရသူတွေထဲမှာ ပစ်ခတ်ခံရသူ အရေအတွက်က ၁၁၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၈၁၄ ဦး၏ ၁၄ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အဆိုပါသေဆုံး ရသူများ အနက် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြားလူငယ်တွေက ၅၃ ရာခိုင်နှုန်း အထိ အများဆုံးသေဆုံးခဲ့ကြရပါတယ်။ ဦးခေါင်းပစ်ခတ်ခံရသူ အများဆုံးဒေသက မန္တလေးတိုင်းဖြစ်ပြီး ၂၇ ဦးအထိ ရှိပါတယ်။ ◉ သေဆုံးသူ အရေအတွက် ထုတ်ပြန်ချက်များ AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားသလိုတဖက်မှာလည်း စစ်ကောင်စီဘက်က သေဆုံးသူ အရေအတွက် ထုတ်ပြန်လာတာတွေ ရှိနေပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၀ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။စက်တင်ဘာ ၉ ရက်က စစ်ကောင်စီ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအခြေစိုက် သံသမန်များအား ရှင်းလင်းပွဲမှာ သေဆုံးသူအရေအတွက်ကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှ ဩဂုတ်လကုန်အထိ အစိုးရဝန်ထမ်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်၊မြို့နယ်အဆင့်နဲ့ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူ၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစု နဲ့ ထောက်ခံသူ၊ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရသူအပြင် ဗုံးဖောက်ခွဲမှုတွေကြောင့်ပါ သေဆုံးရသူက စုစုပေါင်း ၉၃၃ ဦး ရှိနေကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ ဇွန်နဲ့ ဩဂုတ်လတွေအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်များအတွင်း ပြည်သူ ၄၃၁ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်မှ ၁,၇၁၀ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
9 Sep 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုနှင့် စစ်ပြေးဒုက္ခများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၇) ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး အုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများလာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။ Download as PDF ● ၈၇၈ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၈၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအနက် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အတွင်းက KNU တပ်မဟာ နယ်မြေတွေအတွင်း တိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးဒေသအတွင်း MNDAA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ် ပွားနေပါတယ်။ တဖန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး စက်တင်ဘာ ၇ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၁၁ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၇၁ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၇၁ ဦးကျော် ရှိခဲ့ပြီးထိခိုက် ဒဏ်ရာရသူ ၁၃၈ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ● စစ်ပြေးဒုက္ခသည် ၂,၁၀၀ ကျော် နေရပ်ပြန် တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ယခုတပတ် အတွင်း စစ်ပြေးဒုက္ခသည် ၈၅၀ ဦးကျော် တိုးလာပြီး၊ တဖက်မှာလည်း ကချင်ပြည်နယ်အတွင်းက စစ်ရှောင် ပြည်သူ ၂,၁၀၀ ကျော်ခန့် နေရပ်ပြန်လာခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ စစ်ပြေး ဒုက္ခသည်အရေအတွက်ကို ကြည့်ရင် ၇၆၇,၆၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ယခုတပတ်အတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅၀၀ ကျော်ဟာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က KNU တပ်မဟာ(၄) နယ်မြေတွေအတွင်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလှုပ်ရှားဖို့ ဝင်ရောက်စီးနှင်းပြီး နောက် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေကြောင့် မုံးကိုးမြို့အနီးက ဒေသခံပြည်သူ ၂၀၀ ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၆၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့‌ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၃) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
8 Sep 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၆) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စက်တင်ဘာ ၄ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇,၈၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၆,၂၃၀ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူ အများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၇ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှုလှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ဩဂုတ် ၂၅ ရက် ဖော်ပြခဲ့သော ကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၄၁ ကိုရှုပါ) နှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးချုပ်နှောင်ခံရသူ ၄၃၆ ဦး တိုးလာပါသည်။ Download as PDF ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၁) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူများအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြု လေ့လာနိုင် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာ ခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
6 Sep 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ။ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၅) ◉ ၁,၀၄၄ ဦးထက်မနည်း သေဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (စက်တင်ဘာ ၃ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၀၄၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ရဲ့ စက်တင်ဘာ ၃ ရက်အထိ မှတ်တမ်းပြုစုမှုအရ သေဆုံးသူ ၉၇၆ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download as PDF ◉ သေဆုံးသူ ၂၅ ဦးတိုးလာ ဩဂုတ် ၂၇ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၂) နဲ့ နှိုင်းယှဉ်ကြည့်ရင် အသစ်ထပ်တိုးလာတဲ့ သေဆုံးသူအရေအတွက်က တပတ်ကျော်ကာလအတွင်း ၂၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ကိုးဦးဟာ စစ်ကိုင်းတိုင်းအတွင်း သေဆုံးခဲ့ရပြီး၊ ခြောက်ဦးကတော့ ရှမ်းပြည်နယ်အတွင်း သေဆုံးခဲ့ရသူများ ဖြစ်ပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ သေဆုံးခဲ့ရသူ ၁,၀၄၄ ဦးကို အသက် အုပ်စုအလိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန် ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ရသူ ၁၁၆ ဦးကျော်ရှိ တခါ ဦးခေါင်းကို သေဆုံးခဲ့ရသူတွေထဲမှာ ပစ်ခတ်ခံရသူ အရေအတွက်က ၁၁၆ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၇၇၁ ဦး၏ ၁၅ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ ခုနှစ်လတာကာလအတွင်း သူ့ပါတီဝင်တွေ၊ မိသားစုတွေနဲ့ ပါတီထောက်ခံသူ စုစုပေါင်း ၂၅၃ ဦး အသတ်ခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။ ဒါ့အပြင် ဇူလိုင်လ တလအတွင်းမှာပဲ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ တိုက်ပွဲများနဲ့ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးသူ ပြည်သူစုစုပေါင်း ၁၉၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဩဂုတ် ၉ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
6 Sep 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၄) မကြာသေးခင် နှစ်တွေကမှ အာရှမှာ ဖွံ့ဖြိုးမှု အမြန်ဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စစ်အာဏာသိမ်းမှုရဲ့ ရလဒ်ကြောင့် စီးပွားရေးပြိုလဲမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နှစ်ရာခိုင်နှုန်း အထိကျဆင်းခဲ့တဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ထုတ်ကုန်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကြောင့် ဒီနှစ်အတွင်းမှာပဲ ခြောက်ရာခိုင်နှုန်းအထိ ပြန်တက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အစောပိုင်းမှာ ခန့်မှန်းခဲ့ပါတယ်။ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ဒီခန့်မှန်းချက်ဟာ အဟောသိကံ ဖြစ်သွားပါတယ်။ Download as PDF စစ်အာဏာသိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာတာ၊ မရေမရာမှုတွေကြောင့် ကတိကဝတ်ပြုထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့်စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ကလည်း အခုဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့လည်းOxford Economics က ခန့်မှန်းထားပါတယ်။ လတ်တလော အခြေအနေမှာလည်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကုမ္ပဏီကြီးတွေ ထွက်ခွာဖို့ ပြင်နေသလို တယ်လီနောလို ဆက်သွယ်ရေး ကုမ္ပဏီကလည်း အရှုံးခံရောင်းချပြီး ထွက်သွားပါတယ်။ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ စက်မှုအိမ်ရာစီမံကိန်းတွေ၊ အခြားစက်မှုဇုန် စီမံကိန်းတွေကိုလည်း ရပ်နားထားရပါတယ်။ ဒါ့အပြင် စီးပွားရေးပြိုလဲတာ၊နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စွန့်ခွာတာတွေကြောင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ပြည်သူတွေ အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး အခုနှစ်မှာ လူပေါင်း ၃ ဒသမ ၄ သန်းကျော်လောက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့ရမယ်လို့လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ကတော့ အာဏာသိမ်းမှုဟာ အရင်က တိုးတက်မှုတွေကို ပြောင်းပြန်လှန်လိုက်ပြီး ၄၈ ဒသမ ၂ ရာခိုင်နှုန်းသော မြန်မာပြည်သူတွေ အနေနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို လာမဲ့နှစ်မှာ ခံစားရမယ်လို့ တွက်ချက်ထားပါတယ်။ ∎ ဘာကြောင့်အရေးကြီးတာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင် တခုဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှုမပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
2 Sep 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ။ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၃) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ Download PDF Version ● ၈၇၀ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၈၇၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ KIC သတင်းဌာန ဖော်ပြချက်အရ ဩဂုတ် တလအတွင်း KNU တပ်မဟာ (၅) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KNU တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၁၃၀ ကျော် ဖြစ်ပွားခဲ့ရာ၊ စစ်ကောင်စီဘက်မှ ၁၁၈ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၈ ဦးရှိခဲ့ကာ KNU တပ်မဟာ (၅) ဘက်မှ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဩဂုတ် နောက်ဆုံးအပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကြူကုတ်(ပန်ဆိုင်း) ဒေသတွေမှာ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၅ ဦးကျဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။ တဖန် ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တို့အကြားအပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး ဩဂုတ် ၃၁ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၀၁ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၆၆ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၆၆ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၃၈ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ယခုတပတ် အတွင်း သေဆုံးခဲ့ရသူတွေအနက် ၁၁ ဦးဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနှင်းပြီးနောက် လိုက်လံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေ ဖြစ်ကြောင်း သိရပါတယ်။ ● စစ်ပြေးဒုက္ခသည် ၁၁,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတပတ် အတွင်း စစ်ပြေး ဒုက္ခသည် ၁၁,၈၅၆ ဦးကျော် တိုးလာပြီး၊ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေးဒုက္ခသည် အရေအတွက် ၂၇၁,၄၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကို ကြည့်ရင် ၇၆၈,၉၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ယခုတပတ်အတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၀၀၀ ကျော်ဟာ ကယားပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကိုတိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ အလားတူ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းကြတာကြောင့် အနီးအနားက ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေ၊တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းအကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁၄၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင် လာခဲ့ရပါ တယ်။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က တန့်ဂျာရွာအနီးမှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ နေအိမ်အချို့မှ တပ်စွဲထားတာကြောင့် ဒေသခံပြည်သူ ၄၀၀ ကျော်ခန့်မှာ လည်း ဘေးလွတ်ရာနေရာတွေဆီကို ထွက်ပြေးလာကြရပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၆၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့‌ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
28 Aug 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ။ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၅ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် -( ၄၂) ◉ ၁,၀၁၉ ဦးထက်မနည်း သေဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဩဂုတ် ၂၅ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၀၁၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဩဂုတ် ၂၅ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၉၅၁ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download PDF Version ◉ သေဆုံးသူ ၃၁ ဦးတိုးလာ ဩဂုတ် ၁၂ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၇) နဲ့ နှိုင်းယှဉ်ကြည့်ရင် အသစ်ထပ်တိုးလာတဲ့ သေဆုံးသူအရေအတွက်က ၁၅ ရက်အတွင်း ၃၁ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁၀ ဦးဟာ စစ်ကိုင်းတိုင်းအတွင်းသေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ သေဆုံးခဲ့ရသူ ၁,၀၁၉ ဦးကို အသက် အုပ်စုအလိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ ကြတဲ့ ဒေသက ရန်ကုန် ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ရသူ ၁၁၆ ဦးကျော်ရှိ တခါ ဦးခေါင်းကို သေဆုံးခဲ့ရသူတွေထဲမှာ ပစ်ခတ်ခံရသူ အရေအတွက်က ၁၁၆ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၇၃၇ ဦး၏ ၁၅ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ဒါ့အပြင် ဇူလိုင်လ တလအတွင်းမှာပဲ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ တိုက်ပွဲများနဲ့ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးသူ ပြည်သူစုစုပေါင်း ၁၉၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဩဂုတ် ၉ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
25 Aug 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဩဂုတ် ၂၃ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇,၀၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၅,၈၂၁ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီး ခံထားရသူ အများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံ အားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။ လက်ရှိ အချိန်ထိ ဖမ်းဆီး ချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတ ဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ယခင်အပတ်က ဖော်ပြခဲ့သော ကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၃၈ ကိုရှုပါ) နှင့်နှိုင်းယှဉ်ပါက တပတ်အတွင်း ဖမ်းဆီးချုပ်နှောင်ခံရသူ ၂၅၉ ဦး တိုးလာပါတယ်။ဒါ့အပြင် ဇူလိုင်လစာရင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖမ်းဆီးခံရသူ အရေအတွက် ပိုများလာပါတယ်။ Download PDF Version ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] https://ispmyanmar.com/burmese/2021/08/16/wm-38/ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို၎င်းတို့ကို ဆန့်ကျင် ကန်ကွက်နေသူတွေကို တရားရေးမဏ္ဍိုင်အသုံးချပြီး လုပ်ဆောင်တဲ့ ဖိနှိပ်မှုတွေအကြောင်း သုတေသနပြု လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှအင်အားသုံး အကြမ်းဖက်ဖမ်းဆီး ဝရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် ဆန္ဒပြ ပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိ၊မရှိ ဆိုတဲ့ ကိစ္စရပ်တွေကို အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
25 Aug 2021

ဖိနှိပ်နှောင့်ယှက်ခြင်းနှင့် အမြတ်ထုတ်မှု မရှိသော ကျန်းမာရေး ကုသစောင့်ရှောက်ခွင့်

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၀) ကမ္ဘာ့နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှု လုပ်ငန်းတွေအပေါ် တိုက်ခိုက်၊ ဖိနှိပ်၊ နှောင့်ယှက်မှုတွေပြုလုပ်ခြင်းအပေါ် စာရင်းပြုစုတဲ့ Insecurity Insight က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနစ်ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ကျန်းမာရေး ကဏ္ဍအပေါ် တိုက်ခိုက်နှောက်ယှက်မှု ဖြစ်ရပ်ပေါင်း ၂၅၂ ခု ရှိခဲ့ပါတယ်။ ဆေးရုံတွေကို ဝင်ရောက် တိုက်ခိုက်တာ၊ စီးနင်းတာတွေ ဖြစ်ခဲ့သလို ဆေးပညာရှင်တွေကို တိုက်ခိုက် ဖမ်းဆီး ဖိနှိပ်ခဲ့တာကြောင့် ၂၅ ဦး အသက် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP)ရဲ့ စာရင်းအရ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၅၉၅ ဦးကိုလည်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့တရားစွဲဆို ဝရမ်း ထုတ်ထားပါတယ်။ ဒါ့အပြင် ဆရာဝန် ၄၈ ဦး ဖမ်းဆီး ချုပ်နှောင် ခံထားရပါတယ်။ ဒီစာရင်းတွေမှာ မပါဝင်သေးတဲ့ ဖြစ်ရပ်တွေလည်း ရှိနိုင်ပါတယ်။ ဒီအခြေ အနေတွေအရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆေးကုသ စောင့်ရှောက်ခံယူခွင့်ပျက်ပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ Download PDF Version ∎ ဆိုလိုရင်း အနှစ်ချုပ် တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားတဲ့အခါ ဒဏ်ရာရသူ၊ နာမကျန်း ဖြစ်သူတွေကို ကျန်းမာရေး ပညာရှင်တွေက အနှောင့်အယှက် မရှိဘဲ အလျင်မီ ထိရောက်တဲ့ ဆေးကုသ စောင့်ရှောက်မှု ပေးနိုင်ရေးဟာ ဘက်မလိုက်သော ဆေးကုသခွင့် (Medical Neutrality) ဆိုတဲ့ အခြေခံမူတရပ် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းနဲ့ နယ်စည်းမထား ဆရာဝန်များ အဖွဲ့တို့ကလည်း ဒီအခြေခံမူကို လက်ခံ ကျင့်သုံးပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံက သဘောတူ လက်မှတ်ထိုးထားတဲ့ ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention) ရဲ့ လူသား ဆန်သော အခြေခံမူတရပ်လည်း ဖြစ်ပါတယ်။ ဒါကို ISP-Myanmar က ရေးသားထားတဲ့ “လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့် လမ်းကြောင်းနှစ်သွယ်” (အလေးထားရမည့် အကြောင်းအချက်များ အမှတ်- ၃၂) မှာလည်း ထောက်ပြထားပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] https://ispmyanmar.com/burmese/2021/06/18/wm-32/ ဒီလို လူသားဆန်တဲ့ နိုင်ငံတကာ စံနှုန်းတွေကို ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ လိုက်နာမှု အားနည်း နေပါသေးတယ်။ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ အကြား ထိခိုက် ဒဏ်ရာရသူတွေကို ဆေးကုသ စောင့်ရှောက်မှု ပေးတဲ့ ကျန်းမာရေး ပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်တွေ၊ လက်နက်ကိုင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ခံနေတယ်လို့ Rohini J. Haar နဲ့ အခြားသုတေသီတွေက ဆိုပါတယ် (Haar et al., 2021)။ ၁၉၈၃ ခုနစ်ကနေ ၂၀၁၉ အတွင်း ထုတ်ဝေခဲ့တဲ့ သုတေသန စာစောင်ပေါင်း၁၄၀၀ ကျော်ထဲကမှ ၄၅စောင်ကို ရွေးချယ်ပြီး Haar နဲ့ သုတေသီတွေက ပြန်လည် သုံးသပ်တင်ပြရာမှာ-  ● ဆေးရုံ၊ ဆေးပေးခန်းတွေကို ပစ်ခတ်တိုက်ခိုက်တာ၊ ● လူနာတွေကို ပစ်ခတ် တိုက်ခိုက်တာ (အသက်အန္တရာယ်ပြုတာ၊ ခြိမ်းခြောက်တာ)၊ ● ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ ● ဆေးကုသမှု မလုပ်နိုင်အောင် နှောက်ယှက်တာ၊ ● ဆေးပစ္စည်း သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို တိုက်ခိုက်တာ၊ နှောက်ယှက်တာ၊ နှောင့်နှေး ကြန့် ကြာအောင် လုပ်တာ၊ ● ဆေးရုံ၊ ဆေးခန်းတွေကို ဆေးကုသမှု မဟုတ်တဲ့ အခြားကိစ္စတွေ လုပ်ဆောင်တာ စတဲ့ ဆေးကုသမှုကို နှောက်ယှက်ဖျက်ဆီးတဲ့အပြုအမူတွေကို ပဋိပက္ခ ကြုံတွေ့နေရတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ကြုံတွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ဘက်မလိုက်တဲ့ဆေးကုသခွင့် ပျက်ပြားတာပဲ ဖြစ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ ဆေးကုသမှု ပေးနေတဲ့အပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှု ကြီးမားပါတယ်။ ဆေးကုသမှု ပေးနေတဲ့ ကျန်းမာရေး လုပ်သားတွေ အသက်ဆုံးရှုံးရတဲ့ အထိ ကြုံကြရသလို၊ လူနာတွေ တိုက်ခိုက် ခံရတဲ့အခါမှာလည်း ရုပ်ပိုင်း နဲ့ စိတ်ဒဏ်ရာတွေ ဖြစ်စေပါ တယ်။ ဒီအခြေအနေမှာ ဆက်လက် ဆေးကုပေးဖို့ မလုံခြုံတာကြောင့်ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေကနေ ဆေးပညာရှင်တွေ စွန့်ခွာ ကြရပါတယ်။ ဒါ့အပြင် ကပ်ဘေးနဲ့ အခြား အသက် ကယ်ဆယ်ရေးတွေ အဓိက လုပ်ဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကိုပါ နှောင့်နှေး ကြန့်ကြာတာ၊ ထိခိုက် ပျက်စီးမှု ဖြစ်စေပါတယ်။ ဥပမာ ကြက်ခြေနီ အမှတ်အသား၊ ဆေးဘက်ဆိုင်ရာ အမှတ်အသား တွေဟာ နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးခံရမယ့် အမှတ်အသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံ ပေါင်း ၁၀ နိုင်ငံမှာ ဒီအမှတ်အသားတွေကို ပစ်မှတ်သဖွယ် ထားပြီးကျန်းမာရေး ဝန်ထမ်းတွေ၊ ဆေးရုံ ဆေးခန်း တွေ၊ ဆေးပစ္စည်းတွေကို ပိုမိုဦးတည် တိုက်ခိုက်ကြပါတယ်။ ဒါဟာ လူသားချင်းစာနာအကူအညီပေးရေး လုပ်ငန်းတွေကိုပါ နှောင့်နှေး ရပ်တန့်သွားစေအောင် တမင်ရည်ရွယ်တာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုနှောင့်နှေး ရပ်တန့်သွားတာနဲ့အမျှ ဒီအကူအညီတွေပေါ်မှာ မှီတည်နေတဲ့ လူ့ ဘဝတွေ၊ အသက်တွေများစွာ သေကြေ ပျက်စီးဖို့ဖြစ်လာရပါတယ်။ ဒီအခါမှာ လူသားလုံခြုံရေးအတွက် ကျန်းမာရေး ကုသ စောင့် ရှောက်မှုတွေကို အနှောင့်အယှက် ကင်းကင်းနဲ့လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ အချက်ဟာ အလေးထားသင့်တဲ့ အချက်ဖြစ်လာပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား တိုက်ပွဲတွေ၊ ပဋိပက္ခတွေအကြား ထိခိုက် ဒဏ်ရာရသူတွေ သက်သာ ချောင်ချိရေး၊ ပြည်သူတွေကို ကာကွယ်ရေး ပြုလုပ်ပေးပါမယ်လို့ ဂျီနီဗာ ကွန်ဗင်းရှင်းမှာ မြန်မာနိုင်ငံက လက်မှတ်ထိုး သဘောတူ ထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် ဖိနှိပ် တိုက်ခိုက် မှုရှိနေတဲ့ နိုင်ငံများ စာရင်းမှာလည်း ပါဝင်နေပါတယ် (Haar et al. 2021)။ သုတေသန အဖွဲ့များစွာ ရဲ့အချက်အလက်အရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆေးကုသ စောင့်ရှောက်ခံယူခွင့် ပျက်ပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှု ဒဏ်တွေအပြင် ကိုဗစ်တတိယလှိုင်းရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကြောင့်နောက်ဆက်တွဲ ကျန်းမာရေး အကျပ်အတည်း ပြဿနာကို မြန်မာပြည်သူတွေ အလူးအလဲ ခံနေရပါတယ်။ သာမန် အချိန်မှာ ကပ်ဘေးနဲ့ သဘာဝဘေး အန္တရာယ်တွေကို အစိုးရက ဦးဆောင် ဖြေရှင်းတဲ့အခါ ထိရောက် မြန်ဆန်ဖို့ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ပူးပေါင်းပါဝင်မှုက အလွန် အရေးကြီး ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွေအပေါ်မှာပြည်သူလူထုရဲ့ ယုံကြည်မှုက အနိမ့်ဆုံး အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်း တွေပြန်လည် အသက်ဝင်ဖို့ ခက်ခဲနေပြီး အခြေအနေတွေဟာ လူသားချင်းစာနာမှု အကျပ်အတည်း ဆိုက်တဲ့အထိ ယိုယွင်း ပျက်စီးနေပါပြီ။ ကပ်ဘေးရင်ဆိုင်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက ပေးလာနိုင်တဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေနဲ့ အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေ အလုပ်ဖြစ်ဖို့ စစ်ကောင်စီနဲ့ အခြားသော လက် နက်ကိုင် အဖွဲ့အားလုံးအနေဖြင့် ကျန်းမာရေး ကုသစောင့်ရှောက်မှုအပေါ် ဖိနှိပ်မှု၊ တိုက်ခိုက်မှုတွေ မလုပ်ဖို့ ကတိပြုဖို့၊ လက်တွေ့လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအပိုင်းကိုတော့ ISP-Myanmar က ရေးသားထား တဲ့ “ကိုဗစ်-၁၉ တတိယလှိုင်း အ‌ကျပ်အတည်းကို လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူ အညီဖြင့် ဖြေရှင်းရေး မူဝါဒအကြံပြုချက်” မှာ အကျယ်တဝင့် ဖတ်နိုင်ပါတယ်။ ➥ ISP-Myanmar ရဲ့ မူဝါဒ အကြံပြုချက်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] https://ispmyanmar.com/burmese/2021/07/20/pe1/ ဒါ့အပြင် နိုင်ငံတကာရဲ့ အကူအညီတွေ အပေါ်မှာ အလွဲသုံးစား မလုပ်ဖို့၊ ပွင့်လင်း မြင်သာမှုရှိဖို့၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုတွေမလုပ်ဖို့ လိုအပ်ပါမယ်။ အထူးသဖြင့် လူသားချင်း စာနာမှု အကူအညီတွေ လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဖိနှိပ် ခြိမ်းခြောက်ခံရခြင်းမှ ကင်းဝေးပြီး လွတ်လပ်စွာ ဆေးကုသခွင့်ရဖို့ အရေး ကြီးလှပါတယ်။ ▂ ISP-Myanmar က ဖော်ပြခဲ့ပြီးဖြစ်သည့် What Matters အကြောင်းအရာများ အားလုံးကို အောက်ဖော်ပြပါ link တွင် တစုတစည်းတည်း ဖတ်ရှု၊ download ရယူနိုင်ပါသည်။ https://ispmyanmar.com/burmese/category/what-matters/
25 Aug 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၉) ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၀ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ Download PDF Version ● အကြိမ် ၇၆၀ ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၇၆၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei News ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားခဲ့တဲ့ မဇ္ဇျိမ သတင်းဌာနက ဇူလိုင်လအတွင်း ကရင်ပြည်နယ်အတွင်းရှိ ခရိုင် ၄ ခုအတွင်း တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၅၀ ခန့် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဇူလိုင်လမှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ပန်ဆိုင်း(ကြူကုတ်) ဒေသတွေအတွင်းMNDAA အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား တိုက်ပွဲအရေအတွက် ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တဖန် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး ဩဂုတ်၂၀ ရက်အထိ အဲဒီဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၈၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၄၉ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၄၉ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၃၆ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၄၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ● စစ်ပြေးဒုက္ခသည် ၃၀,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတလအတွင်း စစ်ပြေး ဒုက္ခသည် ၃၁,၆၀၀ ကျော် တိုးလာပြီး၊စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေးဒုက္ခသည် အရေအတွက် ၂၅၉,၆၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် ဩဂုတ် ၂၀ ရက်အထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကို ကြည့်ရင် ၇၅၇,၁၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ ယခုတလအတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၀၀၀ ကျော်ဟာ ကယားပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကို တိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၄,၀၀၀ ကျော်၊စစ်ကိုင်းတိုင်းမှာ ၅,၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၁,၀၀၀ ကျော်တို့ဟာ ထပ်မံထွက်ပြေး တိမ်းရှောင် လာကြရပါတယ်။ ဒါ့အပြင်ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာလည်း အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြားတိုက်ပွဲတွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ ၁၂,၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင် လာခဲ့ကြရပါတယ်။ ၎င်းတို့ထဲမှာ ဩဂုတ်လအတွင်းရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) ဒေသအတွင်း MNDAA အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံ ၁,၈၀၀ ကျော်လည်း ပါဝင်ပါတယ်။ အဆိုပါ လူဦးရေအနက် ၁,၄၀၀ ကျော်ခန့်ဟာတရုတ်-မြန်မာနယ်စပ်အထိ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းလည်း သိရပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၅၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့‌ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၃) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်း အားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
16 Aug 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၈) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဩဂုတ်လ ၁၂ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇၀၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၅၅၇၁ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီး ခံထားရသူအများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ လက်ရှိ အချိန်ထိဖမ်းဆီး ချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ဇွန်လက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၃၄ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ် လေ့လာမယ်ဆိုရင် ဖမ်းဆီး ထိန်းသိမ်းထားခံရသူ အရေအတွက် ၄၀၀ ကျော် တိုးလာပါတယ်။ Download PDF Version ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၄) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
13 Aug 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၇) ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၁ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဩဂုတ် ၁၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၉၆၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာ ရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဩဂုတ် ၁၁ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၈၉၇ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download PDF Version အရင်တလက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၃၅ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တလတာကာလအတွင်း သေဆုံးရသူ အရေအတွက်က ၈၀ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံးအသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၁၀၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၇၁၄ ဦး၏ ၁၅ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတလအတွင်း သေဆုံးခဲ့ရသူ ၈၀ ဦးကျော်အနက် စစ်ကိုင်းတိုင်းအတွင်း ၃၁ ဦးအထိ အများဆုံး သေဆုံးခဲ့ပြီး၊မန္တလေးတိုင်း အတွင်း ၁၀ ဦးအထိ သေဆုံးခဲ့ကြရပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ဒါ့အပြင် ဇူလိုင်လ တလအတွင်းမှာပဲ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ တိုက်ပွဲများနဲ့ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးသူ ပြည်သူစုစုပေါင်း ၁၉၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဩဂုတ် ၉ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
10 Aug 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှုအပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၆) Download PDF Version မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်လာခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင်၊စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေတွေဟာ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိသာသာ ကျဆင်းနေတာတွေ့ရပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်လ အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည်နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့်အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမယ့် ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နှုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်။ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမယ့် သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမယ့်နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။
4 Jul 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၅) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဇူလိုင် ၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၈၈၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဇူလိုင် ၁ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၈၁၇ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင်တလက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၉ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တလတာကာလအတွင်း သေဆုံးရသူ အရေအတွက်က ၅၂ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံးအသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၁၀၄ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၆၃၆ ဦး၏ ၁၆ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတလအတွင်း သေဆုံးခဲ့ရသူ ၅၂ ဦးကျော်အနက် မန္တလေးတိုင်းအတွင်း ၁၂ ဦးအထိ အများဆုံးသေဆုံးခဲ့ပြီး၊စစ်ကိုင်းတိုင်း အတွင်း ၁၀ ဦးအထိ သေဆုံးခဲ့ကြရပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး ပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2578166109154272 ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။