CategoryWhat Matters

တရုတ်စီမံကိန်းများ၏ အနီးတဝိုက် ဆက်စပ်နေရာများတွင် တိုက်ပွဲဖြစ်မှု နှစ်ဆပိုများလာ

အာဏာသိမ်းမှုအလွန် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့ ပြည်နယ်နဲ့တိုင်း ရှစ်ခုက မြို့နယ် ၄၃ ခုမှာ တိုက်ပွဲပေါင်း ၃၀၁ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တိုက်ပွဲအကြိမ်ရေ ၁၀၀ ထက်မနည်း ဖြစ်ခဲ့ရာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ (၁၀ လအတွင်း) တိုက်ပွဲအကြိမ်ရေ ၂၀၀ ထက်မနည်း ဖြစ်လာတာကြောင့် နှစ်ဆနီးပါး များပြားလာတာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၈၀၀ ကျော် ဖြစ်ပွားခဲ့

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇,၈၅၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၄,၅၄၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

ကွမ်ရှီး-ရန်ကုန် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းသစ်

က

ကွမ်းရှီး-ရန်ကုန် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းသစ်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ စဖွင့်ခဲ့ပါတယ်။ ဒီလမ်းသစ်ဟာ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်က တောင်တရုတ်ပင်လယ် ဘေ့ဘူး (Beibu) ပင်လယ်ကွေ့ဆိပ်ကမ်းမှာ ရှိနေတဲ့ ချင်းကျိုးဆိပ်ကမ်းကနေ မြန်မာနိုင်ငံ ရန်ကုန် ဆိပ်ကမ်းအကြား တိုက်ရိုက်ချိတ်ဆက်မှာပါ။

နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း နေအိမ်နဲ့ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံတွေ အပါအဝင်) ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဆက်ဝင်

အာဏာသိမ်းမှုအလွန် အခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကဏ္ဍအလိုက် နှိုင်းယှဥ်ကြည့်ရင် စွမ်းအင်ကဏ္ဍကို အများဆုံးဝင်ရောက်ခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော် ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁,၆၅၀,၆၁၁ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် ဖြစ်ပွားခဲ့

နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် အထဲမှာ အများဆုံးက ကရင်ပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ ကရင် ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၄,၃၈၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ပါတယ်။

အာဏာသိမ်းမှုအလွန် အရပ်သား ၇,၀၀၀ ကျော်အထိ သေဆုံးမှု ရှိလာ

စစ်အာဏာသိမ်းမှုအလွန် နောက်ဆက်တွဲ ပဋိပက္ခဖြစ်စဉ်တွေကြောင့် အခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အရပ်သား သေဆုံးမှု ၇,၁၅၈ ဦးထက်မနည်း ရှိခဲ့ပါတယ်။

နယ်စပ်ကုန်သွယ်ရေးပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၃၀ ကျော် ကျဆင်း

အခုဘဏ္ဍာနှစ် ပထမသုံးလမှာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်သာရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး လုပ်နေတဲ့ စခန်းငါးခုထဲကလေးခုမှာ ကုန်သွယ်မှုပမာဏ ကျဆင်းခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ စုစုပေါင်း ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ ဖြစ်ခဲ့တာပါ။ နေအိမ်၊ အဆောက်အအုံ ၂၅,၃၇၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ဒေသကတော့ မကွေးတိုင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ ၈,၁၁၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မီးရှို့ဖျက်ဆီးခံခဲ့ရမှုတွေကို...