ဇူလိုင် ၈ ရက် (တနင်္ဂနွေ) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုလုပ်ခဲ့သည့် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ ပွဲဦးထွက်အစီအစဉ်တွင် စစ်ကိုင်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ၏ ကျောင်းအုပ်ကြီး အရှင် သောဘိတ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ သမိုင်းပညာရှင်နှင့် စာရေးဆရာ ဒေါက်တာ သန့်မြင့်ဦး၊ စာရေးဆရာမ ဂျူး၊ Myanmar Information Technology Pte.Ltd. ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ထွန်းသူရသက်၊ ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီ၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၊ Ecodev Myanmar ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူ၊ AP သတင်းဌာနတွင် နှစ်ပေါင်း ၂၅ နှစ်ကျော် လုပ်ကိုင်ခဲ့သော ဝါရင့်သတင်းစာ ဆရာမ ဒေါ်အေးအေးဝင်း၊ ISP Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင် နှင့် ISP Myanmar ၏ ဆက်ဆံ ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းတို့က “အနာဂတ် မြန်မာ ၂၀၅၀” (Myanmar 2050) ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
ဆွေးနွေးပွဲကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။
ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (Talk Show) – အပိုင်း (၁)
ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (Talk Show) – အပိုင်း (၂)
ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (Talk Show) – အပိုင်း (၃)