AuthorISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပိုများလာ

အခုနှစ် ပထသုံးလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲတွေရဲ့ ထက်ဝက်ကျော်ဟာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေအကြားမှာ ဖြစ်ခဲ့တာပါ။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ နိုင်ငံအနှံ့လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

ရှမ်း-ကယားဒေသ၌ ထိုးစစ် အရှိန်မြှင့်

အာဏာသိမ်းမှုအလွန် တော်လှန်ရေး အားကောင်းနေတဲ့ ဒေသအများစုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး ထိုးစစ်ဆင်နေခဲ့ပါတယ်။ ဒါကြောင့် ရှမ်းနဲ့ကယားပြည်နယ် မှာ တိုက်ပွဲတွေ သိသိသာသာ တိုးလာ ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ရှမ်း-ကယားဒေသ လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

မြန်မာ့အရေး တရုတ်နိုင်ငံ၏ ခြေလှမ်းသွက်လာမှုများ

ISP-Myanmar က စုစည်းထားတဲ့ မြန်မာ–တရုတ်ဆက်ဆံရေး ရက်စဥ်မှတ်တမ်းကို အခြေခံပြီး အခုကာလအတွင်း အာရုံစိုက်စရာ ဖြစ်ရပ်တွေကို ဆန်းစစ်ထားပါတယ်။ ပြီးခဲ့တဲ့ တလကျော်ကာလအတွင်း မြန်မာ-တရုတ် ဆက်ဆံရေးမှာ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးဘောဂဗေဒနဲ့ သံတမန်ရေးဆိုင်ရာကိစ္စတွေက လွှမ်းမိုးခဲ့ပါတယ်။ ဒီအထဲက ဒုတိယပိုင်းကို အခုတပတ်မှာ ဖော်ပြသွားပါမယ်။

ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်မှာ ခုခံတွန်းလှန်မှု အားကောင်းနေတဲ့ ဒေသတွေထဲက နေရာအများစု ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှု လုပ်နေပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာပါတယ်။

ယူနန်ကို ကြားခံလာသည့် ချဉ်းကပ်မှုပုံစံသစ်များ

ISP-Myanmar က စုစည်းထားတဲ့ မြန်မာ–တရုတ်ဆက်ဆံရေး ရက်စဥ်မှတ်တမ်းကို အခြေခံပြီး အခုကာလအတွင်း အာရုံစိုက်စရာ ဖြစ်ရပ်တွေကို ဆန်းစစ်ထားပါတယ်။ ပြီးခဲ့တဲ့ တလကျော်ကာလအတွင်း မြန်မာ-တရုတ် ဆက်ဆံရေးမှာ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးဘောဂဗေဒနဲ့ သံတမန်ရေးဆိုင်ရာကိစ္စတွေက လွှမ်းမိုးခဲ့ပါတယ်။ ဒီအထဲက ပထမပိုင်းကို အခုတပတ်မှာ ဖော်ပြသွားပါမယ်။

SNLD ၏ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်နှင့် အလားအလာ

S

အခုလ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ SNLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာ မဟုတ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းအချင်းရာကို အချက်အလက် အခြေပြုပိုင်းခြားဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ၏ မဟာအဖွင့်အလွန် နယ်စပ်လုံခြုံရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပေါ် အာရုံစိုက်လာ

ISP-Myanmar က စုစည်းထားတဲ့ မြန်မာ-တရုတ်ဆက်ဆံရေး ရက်စဉ်မှတ်တမ်းကို အခြေခံပြီး ဒီကာလအတွင်း အာရုံစိုက်စရာဖြစ်ရပ်တွေကို ဖော်ပြပါမယ်။ ကိုဗစ်အလွန် တရုတ်နယ်စပ်အဖွင့်မှာ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို နှိမ်နင်းနိုင်ဖို့ တရုတ်နိုင်ငံဘက်က ကြိုးပမ်းလာသလို မြန်မာ-တရုတ် နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင်တွေ (EAOs)နဲ့လည်း ပိုပူးပေါင်းဖို့ လုပ်လာပါတယ်။

သိက္ခာနှင့် သစ္စာအပေါ် အခြေခံသော SNLD ၏ နိုင်ငံရေး

၂၀၂၃ ခုနှစ် မတ် ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေးအပြီး ဆုံးဖြတ်ချက်အရ SNLD ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာ မဟုတ်တော့ပါဘူး။

နယ်စပ်စခန်း ငါးခုအနက် သုံးခုတွင် ကုန်သွယ်မှု အနည်းငယ် မြင့်တက်

၂၀၂၂ ခုနှစ် ဧပြီကနေ နိုဝင်ဘာလအတွင်း မြန်မာ-တရုတ် ကုန်သွယ်ရေးစခန်း ငါးခုအနက် သုံးခုမှာ ကုန်သွယ်မှု အနည်းငယ်မြင့်တက််ခဲ့ပါတယ်။ I​​SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းအချင်းရာကို အချက်အလက် အခြေပြုပိုင်းခြားဖော်ပြထားပါတယ်။

ကုန်သွယ်မှုတန်ဖိုး ကွာဟချက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိ

က

ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုးဟာ နှစ်နိုင်ငံထုတ်ပြန်ချက်များကို နှိုင်းယှဥ်လေ့လာကြည့်ရင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကွာဟခဲ့တာကို တွေ့ရပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ စစ်အာဏာသိမ်းမှုအလွန် မြန်မာ-တရုတ်ကုန်သွယ်ရေးအခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။