AuthorISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

ရခိုင်မြောက်ပိုင်း ကုလားတန်မြစ်ကြောင်းစီမံကိန်းတဝိုက် တိုက်ပွဲများပိုဖြစ်ခဲ့

‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက််ပိုင်း ရခိုင်ပြည်နယ်တွင်လည်းတိုက်ပွဲများ ပြန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၄၆ ခုထက်မနည်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းယူခဲ့သည်။ ထိုအထဲမှ စခန်း ၄၀ နီးပါးသည် စစ်ကောင်စီက စွန့်ခွာသွားသဖြင့် အလွယ်တကူ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

လောက်ကိုင်မြို့ကို သိမ်းယူရန်သာ ကျန်ရှိ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များက ‘စစ်ဆင်ရေး ၁၀၂၇’ကို စတင်ခဲ့ပြီး ချင်း‌ရွှေဟော်အပါအ၀င် တရုတ်-မြန်မာနယ်စပ်ရှိ မြို့လေးမြို့နှင့် သိန္နီမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့အပြင် ချင်းရွှေ‌ဟော်၊ မုန်းကိုး၊ ပန်ဆိုင်းနှင့် ကျင်စန်းကျော့ရှိ နယ်စပ်ဂိတ်လေးခုကိုလည်း သိမ်းပိုက်ထားသည်။

နိုင်ငံအနှံ့ တိုက်ပွဲဖြစ်မှုနှင့် စိုးမိုးလှုပ်ရှားနိုင်ရေးအတွက် အားပြိုင်မှုများ

ကရင်နီဒေသ၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ မြို့နယ်အားလုံးတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် မြို့နယ် ၃၇ ခု ရှိသည့်အနက် ၃၄ ခုတွင်လည်းကောင်း၊ မန္တလေးတိုင်းတွင် မြို့နယ် ၂၈ ခုရှိသည့်အနက် ၂၅ ခုတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်ဆင်ရေး ၁၀၂၇ – နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နှင့် လက်တွေ့ကျသော မဟာဗျူဟာ

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ ‘စစ်ဆင်ရေး ၁၀၂၇’နဲ့ ပတ်သက်ပြီး ISP-Myanmar ရဲ့ သုတေသနတွေ့ရှိချက်တွေအပေါ် အခြေခံတဲ့ လေ့လာဆန်းစစ်မှုတွေကို ကနဦးသုံးသပ်ချက် (OnPoint) သုံးပုဒ်ရေးသားပြီး ဖော်ပြနေတာပါ။ အခုနောက်ဆုံးတပုဒ်မှာ နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာကို ဖတ်ရပါမယ်။

စစ်ဆင်ရေး ၁၀၂၇ အပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မှု

‘စစ်ဆင်ရေး ၁၀၂၇’ အပေါ် တရုတ်ရဲ့ တုံ့ပြန်ပုံဟာ ယေဘုယျဆန်တယ်ဆိုပေမဲ့ အလေးထားမှုတွေလည်း ရှိပါတယ်။ I SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းခြင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

ဆင်သွားရင် လမ်းဖြစ်တဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနှိမ်နင်းရေး

မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၈၀) ‘စစ်ဆင်ရေး ၁၀၂၇’ အရှိန်မြင့်လာတာနဲ့အတူ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပြင်းပြင်းထန်ထန်ချေမှုန်းလာပါတယ်။ I SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းခြင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့်...

နိုင်ငံအနှံ့ မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း၌ တိုက်ပွဲများဖြစ်ပွား

အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၂၂၁ ခုထက်မနည်း (မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း)၌ လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းတွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် မြို့နယ် ၇၇ ခု၊ ၂၀၂၃ ခုနှစ်တွင် ‘စစ်ဆင်ရေး ၁၀၂၇’စတင်ပြီးနောက်...

စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း တိုက်ပွဲများ ကျယ်ပြန့်သက်ရောက်လာမှု

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များ၏ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း နိုင်ငံအနှံ့ တိုက်ပွဲများ ကျယ်ပြန့်သက်ရောက်လာမှုအခြေအနေကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပါသည်။ အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ် ၂၂၁ ခုထက်မနည်းတွင် လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ တလတာနီးပါးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊...

စစ်ဆင်ရေး ၁၀၂၇ နှင့် ရှမ်းမြောက်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ

ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေရဲ့ 'စစ်ဆင်ရေး ၁၀၂၇' အရှိန်ကောင်းနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေ၊ နယ်စပ်ကုန်သွယ်ရေး ဆက်စပ်အခြေအနေတွေအကြောင်း ISP-Myanmar ရဲ့ သုတေသနတွေ့ရှိချက်တွေအပေါ် အခြေခံပြီး ဖော်ပြထားပါတယ်။

စစ်ဆင်ရေး ၁၀၂၇ ရဲ့ အချက်ပေးပုံ

အခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ စစ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခတွေအပေါ် သက်ရောက်မှုတွေ ရှိလာစေပါတယ်။ ဒီတပတ် ISP-Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာတော့ ဒီအကြောင်းအရာကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြသွားပါမယ်။