မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၇၈)
အခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ စစ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခတွေအပေါ် သက်ရောက်မှုတွေ ရှိလာစေပါတယ်။ ဒီတပတ် ISP-Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာတော့ ဒီအကြောင်းအရာကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြသွားပါမယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။