နှစ်တရာပြည့် တရုတ်ကွန်မြူနစ်ပါတီနှင့် အခြေမတည်နိုင်သေးသော ပါတီ-စနစ်အခြေခံမြန်မာ့နိုင်ငံရေး

၁၉၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ ၂၀၂၁ ခုနှစ် ဇူလိုင်မှာပဲ နှစ်တရာ ပြည့်မြောက်ခဲ့ပါပြီ။ ၁၉၉၁ ခုနှစ်တုန်းက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ချိန်မှာ တရုတ်ကွန်မြူနစ်ပါတီဟာလည်း မကြာခင်မှာ ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရာစုနှစ်တခုကြာ ဆက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် စတင်တည်ထောင်တဲ့ ၁၉၄၉ ခုနှစ်ကတည်းက အာဏာရပါတီအဖြစ် ရှိခဲ့တာကြောင့် နိုင်ငံ့အုပ်ချုပ်ရေးကို ၇၂ နှစ်ကျော်ကြာ တဆက်တည်း ရယူခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်မှု၊ နိုင်ငံခေါင်းဆောင်မှုတွေ အကြိမ်ကြိမ် ပြောင်းလဲခဲ့တဲ့အပြင် ပြည်တွင်းစစ်၊ အငတ်ဘေး၊ ယဉ်ကျေးမှုတော်လှန်ရေးလို လူတန်းစားပဋိပက္ခတွေ၊ တခါ ၁၉၈၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တီယန်မင်ရင်ပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့ကြားကပဲ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေးဦးဆောင်မှုကို ကာလရှည်ရယူခဲ့တာ […]
တရုတ်သံအမတ် အပြောင်းအလဲအလွန် တရုတ်မြန်မာဆက်ဆံရေး လူ၊ မူနှင့် အီလစ်-ပြည်သူသဘောထားအဟ

၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်ခဲ့သည် တရုတ်သံအမတ်သည် တာဝန် ပြီးဆုံးပြီး ပြန်လည် ထွက်ခွာတော့မည် ဖြစ်သည်။ သံအမတ်၏ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် လေးနှစ်တာ သက်တမ်းအတွင်း တရုတ် မြန်မာ ဆက်ဆံရေးတွင် မကြုံစဖူး အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ ထိုကာလအတွင်းတွင် မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်များနှင့် အတူ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခြင်း၊ မြစ်ဆုံဆည် စီမံကိန်း ရပ်နားခြင်းများကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော တရုတ် မြန်မာ ဆက်ဆံရေးသည် အေးစက် နေခဲ့ရာမှ ပြန်လည် အရောင်အသွေး စုံလင်လာခဲ့သည်။ တရုတ်နိုင်ငံ ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး စသည့် ပြည်သူ လူထု […]
အသွင်ကူးပြောင်းရေးကာလ မြန်မာ့ စီးပွားရေးနှင့် ငြိမ်းချမ်းရေး အကျပ်အတည်းအတွက် အဖြေ တရုတ်ဆီမှာ ရှိသလား

နိုင်ငံတစ်နိုင်ငံ၏ အသွင်ကူးပြောင်းမှုကို လေ့လာရာတွင် ပြည်တွင်းရှိ နိုင်ငံရေးမျှခြေများ၊ မူဝါဒ အကောင်းအဆိုးများအား လေ့လာသုံးသပ်ခြင်းသည် အရေးပါသကဲ့သို့ ပြင်ပ အချင်းအရာများ ဖြစ်သော ပထဝီနိုင်ငံရေး၊ အိမ်နီးချင်းများကိုလည်း လုံး၀ လျစ်လျူရှုထား၍ မရပါ။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အတူ သူ၏ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ရှိ အခန်းကဏ္ဍသည် တစ်စထက်တစ်စ အရေးပါလာသည်။ ကမ္ဘာ့ရေးရာများကို သုံးသပ်ရာတွင် တရုတ်နိုင်ငံ၏ သက်ရောက်မှုကို ချန်လှပ်ထား၍ မရနိုင်တော့ပေ။ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို သုံးသပ်ရာတွင် ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း၊ အကြီးမားဆုံးသော ကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နှံသည့်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အခရာကျသည်။ ထို့အပြင် ရခိုင်ပြည်နယ် အရေးတွင် နိုင်ငံတကာ၏ ဖိအားပေးမှုများ မြင့်တက်လာသည့်အလျောက် ကုလသမဂ္ဂ […]
တရုတ်ကွန်မြူနစ် ပါတီညီလာခံ၏ အဖြေများနှင့် ပေးထားချက်အသစ်များ

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် အဓိက အချက်သုံးချက်ကို စောင့်ကြည့်ခဲ့ကြသည်။ ထိုသုံးချက်မှာ ရှီ၏အမည်ကို ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေတွင် ထည့်သွင်းခြင်း ရှိမရှိ၊ ညီလာခံမှ အသစ် ရွေးချယ်ထားမည့် ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်စာရင်းတွင် ၂၀၂၂ ခုနှစ် အလွန် ရှီ၏နေရာကို ဆက်ခံမည့်သူ ပါဝင်းခြင်း ရှိ မရှိ နှင့် ရှီကျင့်ဖိန်၏ လက်ရုံးတဦးဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းဆောင် ဝမ်ချီစမ်းသည် ပါတီတွင်း ကျင့်ထုံးတခု ဖြစ်သည့် အသက် ၆၇ တွင် အနားယူရသည့် အစဉ်အလာကို ကျော်လွန်ပြီး ပေါလစ်ဗျူရို အမြဲတမ်းအဖွဲ့တွင် ဆက်လက် ပါဝင်ခြင်း ရှိမရှိတို့ ဖြစ်သည်။ ထိုမေးခွန်းများ၏ အဖြေကို ခုနစ်ရက်ကြာ ပါတီညီလာခံ၏ အပြီးသတ်တွင် […]
တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ ဘာအပြောင်းအလဲ ဖြစ်နိုင်မလဲ

ကိုယ်စားလှယ်ပေါင်း ၂၀၀၀ကျော် တက်ရောက်မည့် တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက်ပါတီ ညီလာခံကို မြို့တော်ဘေဂျင်းတွင် ယနေ့စတင်လိုက်ပြီး တစ်ကမ္ဘာလုံးမှ တရုတ်အရေးလေ့လာသူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပပြီး ပါတီ၏ ခေါင်းဆောင်နေရာနှင့် အခြား အရေးပါသော နေရာများအတွက် တာဝန်ယူမည့်ပုဂ္ဂိုလ်များကို ရွေးချယ်အတည်ပြုသည်။ နောက် ငါးနှစ်တာ ကာလအတွက် ပါတီနှင့် နိုင်ငံကို ဦးဆောင်မည့် မူဝါဒများ လမ်းညွန်ချက်များကို အတည်ပြုချမှတ်သည်။ ၁၉၈၂ ခုနှစ်တွင် ပါတီ ဥက္ကဌရာထူးကို ဖျက်သိမ်းပြီးနောက် ပါတီ အထွေထွေအတွင်းရေးမှူးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် အဓိကကျသူ ဖြစ်လာပြီး ၎င်းကို ပါတီညီလာခံမှ တဆင့် ငါးနှစ်တကြိမ် ရွေးချယ်လေ့ရှိသည်။ ထို့အပြင် အခြားအရေးပါသော နေရာများဖြစ်သည့် ဗဟိုကော်မတီဝင် […]
