တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း

တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း ဇူနက်တာ ဟားဘတ် ၁ ■ နိဒါန်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဆန္ဒရှိသည့် အကြောင်းအရာများအနက် တစ်ခုမှာ “တရားဥပဒေ စိုးမိုးရေး” ဖြစ်ပြီး မြန်မာပြည်အတွက် ဦးစားပေး ကိစ္စတစ်ခု ဖြစ်ကြောင်း ယခင်ကတည်းက ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ “တရားဥပဒေ စိုးမိုးရေး”ဟူသည့် စကားလုံးမှာလည်း ၂၀၁၂ ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော လွှတ်တော် ကော်မတီတစ်ခု ဖြစ်သည့် “တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မီတီ”၏ ခေါင်းစဉ်အမည်တွင် ပါဝင်သည့် စကားလုံးဖြစ်ကာ၊ ရွေးကောက်ပွဲ ကာလကတည်းက NLD ပါတီ ဥက္ကဋ္ဌနှင့် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပြင် တိုင်းဒေသကြီးနှင့် […]