BroadcastMedia Room

ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများနှင့် ရခိုင်အရေး

By ISP Admin | November 22, 2017

အာဆီယံ ထိပ်သီး အစည်းအဝေး အပါအဝင် ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများကို ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာတို့တွင် မကြာသေးမီ ရက်များအတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါ နိုင်ငံတကာ အစည်းအဝေးများ၌ ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားပေးမှု ကျဆင်းစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခဲ့သော အရာများနှင့် လုပ်ဆောင်သင့်သည့် အကြံပြု အကြောင်းအရာများအပေါ် ဆွေးနွေးခြင်းကို  “မျက်မှောက်ရေးရာ သုံးသပ်စရာ” အစီအစဉ်အဖြစ် နိုဝင်ဘာ ၁၈ ရက်တွင် MCN သတင်းဌာနက ရိုက်ကူးခဲ့ပါသည်။ ထိုအစီအစဉ်ကို နိုဝင်ဘာ ၂၀ ရက် ညပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ထုတ်လွှင့်ခဲ့သည်။

စကားဝိုင်း အစီအစဉ်၌ မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့် အတူ ISP Myanmar ၏ ဆက်ဆံ ဆက်သွယ်ရေး လက်ထောက် ဒါရိုက်တာနှင့် The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ် အယ်ဒီတာ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ စကားဝိုင်း ဆွေးနွေးမှု အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/ISPMyanmarpage/videos/1753708781600013/



Leave a Reply

Your email address will not be published. Required fields are marked *