ရှင်ရင်ရွှေထီး

Golden Parasol A Daughter’s Memoir of Burma Chatto & Windus, 2013. Golden Parasol (ရှင်ရင်ရွှေထီး) စာအုပ်၏ ခေါင်းစဉ်ခွဲမှာ “ဗမာပြည်မှ သမီးတစ်ယောက်၏ ကိုယ်တွေ့မှတ်တမ်း”ဟု အမည်ပေးထားသော်လည်း ထို့ထက်များစွာ ပိုလွန်ပါသည်။ စာရေးသူ ဝင်ဒီလောရုံသည် စာဖတ်သူများအနေဖြင့် သူ၏ဖခင် အက်ဒွပ်လောရုံအပေါ် ပိုမိုနားလည် သဘောပေါက်စေနိုင်မည့် ခရီးတစ်ခုဆီသို့ ခေါ်ဆောင်သွားနိုင်ပေသည်။ ထို့အပြင် အကြောင်းအရာပေါင်းစုံ စုံလင်ကြွယ်ဝမှု၊ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်မှုတို့ကြောင့် စာဖတ်ပရိသတ် အများစုကလည်း စိတ်ပါဝင်စားကြပါလိမ့်မည်။ ယင်းတို့အနက် စာဖတ်ပရိသတ်ကို ညှို့ယူဖမ်းအစားနိုင်ဆုံးမှာ ဗမာပြည်၏ စစ်ပြီးခေတ် သတင်းစာလုပ်ငန်း၊ ဦးနု ခေါင်းဆောင်သော ပြည်ပြေးလှုပ်ရှားမှုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ အကြောင်းများပင် ဖြစ်ပါသည်။ အက်ဒွပ်လောရုံ (၁၉၁၁-၁၉၈၀)၏ ဘဝတစ်လျှောက်တွင် လွတ်လပ်ရေးရပြီးခေတ် […]

၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု

၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု ၁ ဂျွန် ဗျူခန်နန် ၂ ■ ၁။ နိဒါန်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်အပြင် များပြားလှသော သီးခြားပဋိပက္ခများလည်း ရှိပေသည်။ ၃ သုတေသီများမှာ ပြည်တွင်းစစ်များနှင့် ပတ်သက်၍ စာရွက်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားခဲ့ကြသော်လည်း ၎င်းတို့၏ လေ့လာသုတေသန ပြုမှုများတွင် မြန်မာနိုင်ငံအကြောင်းကို များစွာ လျစ်လျူရှုခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်အကြောင်းကို စာအုပ်ရေးသားရန် လျစ်လျူရှုထားခဲ့ခြင်းကြောင့် သက်ဆိုးရှည်လှသည့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်အပေါ် အမြင်အမျိုးမျိုးကို အကဲဖြတ် ရှင်းလင်းပြနိုင်ရန်မှာ အရေးပါလှသည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းမရှိသော တိုင်းပြည်များထက် […]

စပ်ကြား အုပ်ချုပ်ရေးများနှင့် လူမှု လူ့အဖွဲ့အစည်း အရှေ့တောင်အာရှဒေသတွင်း နှိုင်းယှဉ်လေ့လာ ဆန်းစစ်ချက်

■ ဂျွန် ဗျူခန်နန် ၁ တပ်မတော်ဟာ အသွင်ယူ ဒီမိုကရေစီစနစ် တစ်ရပ်ကို ကူးပြောင်းမှုမှာ အောင်အောင်မြင်မြင်နဲ့ကို ဦးဆောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မကြာသေးမီက NLD က ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ အစိုးရကတော့ စပ်ကြား အုပ်ချုပ်ရေးစနစ် တစ်ခုကို ကိုယ်စားပြုပြန်ပါတယ်။ စပ်ကြား အုပ်ချုပ်ရေးဟာ ဒီ The Myanmar Quarterly မဂ္ဂဇင်းရဲ့ ပထမဦးဆုံး issue မှာ ပင်မ အယူအဆ အဖြစ်နဲ့ တင်ပြသွားမယ့် အယူအဆ တစ်ရပ်ပါ။ စပ်ကြား အုပ်ချုပ်ရေးဆိုတဲ့ ဝေါဟာရဟာဆိုရင် ဒီမိုကရေစီစနစ်ရဲ့ အခြေခံအချက်တွေ ဖြစ်တဲ့ ရွေးကောက်ပွဲလို အချက်တွေ ပါဝင် ဖွဲ့စည်းထားသလို၊ နိုင်ငံရေးမှာ အရင်ကရှိခဲ့တဲ့ အာဏာရှင်စနစ်ဆီက ပါဝင် ပတ်သက်ဖူးသူတွေ အနေနဲ့ သူတို့ရဲ့ […]