ရှင်ရင်ရွှေထီး

Golden Parasol
A Daughter’s Memoir of Burma Chatto & Windus, 2013.

Golden Parasol (ရှင်ရင်ရွှေထီး) စာအုပ်၏ ခေါင်းစဉ်ခွဲမှာ “ဗမာပြည်မှ သမီးတစ်ယောက်၏ ကိုယ်တွေ့မှတ်တမ်း”ဟု အမည်ပေးထားသော်လည်း ထို့ထက်များစွာ ပိုလွန်ပါသည်။ စာရေးသူ ဝင်ဒီလောရုံသည် စာဖတ်သူများအနေဖြင့် သူ၏ဖခင် အက်ဒွပ်လောရုံအပေါ် ပိုမိုနားလည် သဘောပေါက်စေနိုင်မည့် ခရီးတစ်ခုဆီသို့ ခေါ်ဆောင်သွားနိုင်ပေသည်။ ထို့အပြင် အကြောင်းအရာပေါင်းစုံ စုံလင်ကြွယ်ဝမှု၊ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်မှုတို့ကြောင့် စာဖတ်ပရိသတ် အများစုကလည်း စိတ်ပါဝင်စားကြပါလိမ့်မည်။ ယင်းတို့အနက် စာဖတ်ပရိသတ်ကို ညှို့ယူဖမ်းအစားနိုင်ဆုံးမှာ ဗမာပြည်၏ စစ်ပြီးခေတ် သတင်းစာလုပ်ငန်း၊ ဦးနု ခေါင်းဆောင်သော ပြည်ပြေးလှုပ်ရှားမှုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ အကြောင်းများပင် ဖြစ်ပါသည်။

အက်ဒွပ်လောရုံ (၁၉၁၁-၁၉၈၀)၏ ဘဝတစ်လျှောက်တွင် လွတ်လပ်ရေးရပြီးခေတ် ဗမာပြည်၏ အစောပိုင်း နိုင်ငံရေးဆိုင်ရာ သမိုင်းကြောင်းမှ အခန်းကဏ္ဍ အမြောက်အမြားနှင့် ကြုံတွေ့ခဲ့ရပါသည်။ ဦးလောရုံ၏ နာရေးကြော်ငြာတွင် ဖော်ပြခဲ့သည့်အတိုင်း ဦးလောရုံသည် စစ်ပြီးခေတ် ဗမာပြည်မှ ပထမဆုံးသော လွတ်လပ်သည့် သတင်းစာအယ်ဒီတာနှင့် ပြည်သူ့ ဒီမိုကရက်တစ်ပါတီ (PDP) ဟုသိကြသည့် ဦးနု ခေါင်းဆောင်သော ပြည်ပြေးလှုပ်ရှားမှုမှ ခေါင်းဆောင်တစ်ဦးအနေဖြင့် လူအများက သိရှိထားကြပါသည်။

စိတ်ဓာတ်ကြံ့ခိုင်သည့် သတင်းစာအယ်ဒီတာဖြစ်သူ ဦးလောရုံသည် ၁၉၄၈ ခုနှစ်၌ ဗမာပြည်၏ အထင်ရှားဆုံး သတင်းစာတစ်စောင် ဖြစ်လာသည့် The Nation သတင်းစာကို တည်ထောင်ခဲ့ပါသည်။ ထို့နောက် ဗိုလ်ချုပ်ကြီးနေဝင်းက သတင်းစာတိုက်ကို ပိတ်မပစ်မီ ဗမာပြည်၏ တောက်ပထင်ရှားသော သတင်းမီဒီယာလောကအကြောင်းကိုလည်း Golden Parasol (ရှင်ရင်ရွှေထီး) စာအုပ်တွင် လျှပ်တပြက် တွေ့မြင်လိုက်ရပါသည်။ ထို့အပြင် ယင်းအချိန်က ရန်ကုန်မြို့ကို မျက်လုံးထဲ မြင်ယောင်လာနိုင်သည့် သတင်းစာ ရည်ညွှန်းဖော်ပြမှုများအပေါ် ခြုံငုံလေ့လာချက် တစ်ခုကိုလည်း သပ်ရပ်စွာ ရေးဖွဲ့ထားပါသည်။

သတင်းစာသမား ဂျာနယ်လစ်များက ကလောင်ကိုသာမက ပစ္စတိုသေနတ်များကိုပါ ကိုင်စွဲလျက် အကြမ်းဖက် ပြန်ပေးဆွဲမည်ဟု ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ကြရကြောင်းကိုလည်း စာဖတ်သူများ ဖတ်ရှုကြရပါမည်။ ထို့အပြင် တချို့သောနေရာများတွင် ပြိုင်ဖက် သတင်းစာတိုက်များမှ ဝန်ထမ်းများ၊ မှုန်တေတေ အောက်သိုးသိုးနိုင်သည့် စစ်သားများနှင့် ရေကုန်ရေခမ်း ယှဉ်ပြိုင်ရင်ဆိုင်ခဲ့ရခြင်းတို့ကို ရေးဖွဲ့ထားသည်ကိုလည်း တွေ့ရပါမည်။

လွတ်လပ်ရေးရပြီး အစောပိုင်းကာလများ၌ ဦးလောရုံသည် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဝန်ကြီးချုပ်ဦးနုတို့ အပါအဝင် ဗမာပြည်၏ အင်အားအကောင်းဆုံး လူမှုအသိုင်းအဝိုင်းများနှင့် ထိတွေ့ ဆက်ဆံခဲ့ရပါသည်။

ဦးနေဝင်းနှင့် သဘောထားချင်း မတိုက်ဆိုင်ဘဲ ခွာပြဲသွားကြသည့်နောက် ဦးလောရုံသည်လည်း ထောင်ဒဏ် ငါးနှစ် ကျခံခဲ့ရပြီး နေးရှင်းသတင်းစာကိုလည်း ပိတ်လိုက်ရပါသည်။ ထို့နောက် ၁၉၆၈ ခုနှစ် ထောင်မှ လွတ်မြောက်လာသောအခါ ဦးလောရုံမှာ ဘန်ကောက်တွင် အခြေချခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ထင်ရှားသော ဗမာခေါင်းဆောင် တစ်ချို့ပါဝင်သည့် ပြည်ပြေးနိုင်ငံရေးပါတီဟု လူသိများသော ပြည်သူ့ဒီမိုကရက်တစ်ပါတီ (PDP) ကို တည်ထောင်၍ ဗမာပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်နက်ကိုင် တပ်မတော်တစ်ခု တည်ထောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။

ထို့ကြောင့် ဗမာပြည်မှ ကိုယ်တွေ့မှတ်တမ်းဖြစ်သည့် Golden Parasol (ရှင်ရင်ရွှေထီး) ကို ကျွန်တော်အကြိုက်တွေ့မိသည့် စာအုပ်စာရင်း သွင်းရပါမည်။ ထို့နောက် ကျွန်တော် သဘောခွေ့မိသည့် အချက်တစ်ချက်မှာလည်း ဤစာအုပ်သည် စာရေးသူ၏ ကိုယ်တွေ့ကို ကျယ်ပြန့်သော မှီငြမ်းကိုးကား သုတေသနပြုမှုများနှင့် ရောယှက် ရေးဖွဲ့ထားခြင်းကြောင့်လည်း ဖြစ်ပါသည်။ ထို့အပြင် ဦးလောရုံ၏ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းများကလည်း တိကျမှုရှိပြီး ဗမာ့နိုင်ငံရေး၏ အသေးစိတ် အကြောင်းအရာ အချက်အလက်များကိုလည်း ထည့်သွင်း ရေးသားထားပါသည်။ ထို့ကြောင့် ဗမာ့နိုင်ငံရေးကို စိတ်ဝင်စားသူများ အနေဖြင့် အခြားသော စာအုပ်စာတန်းများတွင် လျစ်လျူရှုထားခြင်း ခံရသည့် စိတ်ဝင်စားဖွယ် သမိုင်းကြောင်းကို ဤစာအုပ်ထဲတွင် ဖတ်ရှုရပါလိမ့်မည်။ တစ်သီးတစ်သန့် ပြောရမည် ဆိုလျှင်လည်း ဤစာအုပ်ပါ PDP ပါတီ၏ အတွင်းရေး အကြောင်းအရာများမှာ ဗမာပြည်၏ လက်နက်ကိုင် ခုခံတော်လှန်ရေး လှုပ်ရှားမှုများကို အထူးပြုလေ့လာနေသည့် သုတေသီများအတွက် စိတ်ဝင်စားဖွယ် ကောင်းပါလိမ့်မည်။

ဦးနေဝင်းနှင့် အခြားသော ထိပ်တန်းနိုင်ငံရေးသမားများကို ရေးသား ပုံဖော်ထားခြင်းကို ဖတ်ရှုရခြင်းအားဖြင့် စာရေးသူ၏ ဗမာ့နိုင်ငံရေးနှင့် ဗမာပြည်၏ ရှုပ်ထွေးပွေလီလှသော သွင်ပြင်လက္ခဏာများ၊ အစဉ်အလာ ဖြစ်နေသည့် ဗီဇလက္ခဏာများအပေါ် စိတ်တိမ်းညွှတ်မှုကိုလည်း တွေ့မြင်ရပါသည်။ ဤစာအုပ်ထဲမှ စိတ်ဝင်စားဖွယ်ကောင်းသည့် အရေးအသားတစ်ခုမှာ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဦးလောရုံတို့၏ ပုံစံမကျသော ကပြောင်းကပြန် ဆက်ဆံရေးပင် ဖြစ်ပါသည်။ ယင်းမှာ ဦးလောရုံ ထောင်မှလွတ်လာချိန်တွင် ဦးနေဝင်းထံ သွားရောက်တွေ့ဆုံပြီး တိုင်းပြည်မှ ထွက်ခွာခွင့် တောင်းဆိုခြင်းပင် ဖြစ်ပါသည်။ ဦးနေဝင်းသည် သတင်းစာဆရာ ဦးလောရုံနှင့် သမီးဖြစ်သူ ဝင်ဒီတို့ကို ထောင်ထဲသို့ ပို့ခဲ့ဖူးသော်လည်း အပေါ်ယံအားဖြင့် ဦးလောရုံနှင့် ခင်မင်မှုကို ဆက်လက် ထိန်းသိမ်းထားလိုခြင်းကြောင့် အဆိုပါ တောင်းဆိုချက်အတွက် ဂွတီးဂွကျ ဆောင်ရွက်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

PDP ပါတီ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် ဦးလောရုံ၏ ပြည်ပြေးဘ၀ အခန်းကဏ္ဍများတွင်လည်း လက်နက်ကိုင် နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ် စတင်ရာ၌ ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို တွေ့ရပါသည်။ ဦးလောရုံအနေဖြင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရပြီး ပြည်ပရောက် မြန်မာလူမျိုးများနှင့် နိုင်ငံတကာမှ စီးပွားရေးသမားများထံမှ ရန်ပုံငွေ ကောက်ခံရသည့်အပြင် မိမိတို့ ခိုလှုံနေသည့် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ လုံခြုံရေးအာဏာပိုင်များ၏ ခြိမ်းခြောက်မှုများကိုလည်း တားဆီး ကာကွယ်ခဲ့ရပါသည်။ ထို့အပြင် PDP ပါတီ၏ အဝန်းအဝိုင်း ပတ်ဝန်းကျင်မှ ပုဂ္ဂိုလ်များမှာလည်း ဆန်းကြယ် ထူးခြားလှပါသည်။ PDP ၏ အလားအလာကောင်းသည့် ထောက်ခံသူတစ်ဦးမှာ အမေရိကန် ဘီလျံနာသူဌေးကြီး ဟောင်းဝပ်ဟျူ့ချ်နှင့် အဆက်အသွယ်ရှိသယောင် ဟန်ဆောင်ခဲ့ပြီး ကနေဒါလူမျိုး ဗိုလ်မှူးကြီး တစ်ဦးကလည်း PDP ပါတီ မှီခိုနေရသည့် အိမ်ရှင် ထိုင်းအာဏာပိုင်များ၏ အမျက်ဒေါသကို ဆွပေးခဲ့ပါသည်။ ထိုသူမှာ လေယာဉ်ပေါ်တွင် သူ၏ ခြောက်လုံးပြူးသေနတ်ကို ကောင်းဘွိုင် ကဲ့သို့ လက်ထဲတွင် လှည့်ပတ်ပြီး ပြောင်ချော်ချော် ရွှတ်နောက်နောက် လုပ်ခဲ့သည့်အတွက် ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့်နောက် သူ့ကို ဖမ်းဆီးသူများကို မိမိမှာ PDP နှင့်တွေ့ဆုံရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။

ဤစာအုပ်မှာ ဖခင်ဖြစ်သူ၏ အကြောင်းသာ မဟုတ်ဘဲ သမီးဖြစ်သူ၏ အကြောင်းလည်း ဖြစ်ပြီး စာရေးသူ ဝင်ဒီလောရုံက မိမိကိုယ်တိုင် တွေ့ကြုံခဲ့ရသည်များကို ရေးသားထားခြင်း ဖြစ်ပါသည်။ ယင်းတို့ထဲတွင် သူ၏ ခင်ပွန်းဟောင်း စာရေးဆရာနှင့် ဗမာပြည်မှ နာမည်ကျော် အမေရိကန်သာသနာပြု ဆရာဝန်ကြီး၏သား စတာလင်းဆီးဂရေ့ဗ်က မိမိကို လူပျိုလှည့်ပုံနှင့် ထိုင်းနိုင်ငံသို့ စတာလင်း ဆီးဂရေ့ဗ်နှင့် သွားရောက် တွေ့ဆုံရန် ကြိုးပမ်းပုံများလည်း ပါဝင်ပါသည်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဝင်ဒီ့အနေဖြင့် နိုင်ငံကူးလက်မှတ် ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ ရပါတော့သည်။ ကုန်းကြောင်းခရီးဖြင့် ထွက်ပြေးရန် ကြိုးပမ်းသည့် အစီအစဉ်မှာလည်း ခက်ခဲ ရှုပ်ထွေးလှသည့်အတွက် နောက်ဆုံးတွင် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက သူ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရက်အတန်ကြာ စစ်ကြော မေးမြန်းခဲ့ပါသည်။ သို့သော်လည်း ဝင်ဒီသည် ဘန်ကောက်ရှိ ခင်ပွန်းသည်နှင့် သွားရောက် ဆုံစည်းနိုင်ခဲ့ပါသည်။ ဝင်ဒီလောရုံက ဦးနေဝင်းနှင့် ဖခင်ဖြစ်သူ ဦးလောရုံ၏ နောက်ဆုံး ဆုံတွေ့မှုအကြောင်းကိုလည်း ပြန်ပြောင်း ရေးသားခဲ့ရာ ထိုသို့တွေ့ဆုံစဉ် ဦးနေဝင်းက “ဝင်ဒီလေး” အဖမ်းခံနေရသည်ကို မိမိ မသိကြောင်းပြောခဲ့ပြီး နောက်ပိုင်းတွင်မှ ပြန်လွှတ်ပေးရန် ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။

ဤစာအုပ်ပါ ဆန်းကြယ်သည့် အကြောင်းအရာ တစ်ခုမှာလည်း ဦးနေဝင်းက ဦးလောရုံ၏ စိတ်ကို သိမြင်နေသည့်အပေါ် စိစစ်သုံးသပ်ထားခြင်းပင် ဖြစ်ပါသည်။ စာပိုဒ်ထဲတွင် အသေးစိတ် ရေးသားထားချက်အရ ဦးနေဝင်းနှင့် ဦးလောရုံတို့ စိတ်တူကိုယ်တူနီးပါး ရင်းနှီးခင်မင်ခဲ့သည့် အခိုက်အတန့်များကို ဖော်ပြထားပြီး စာရေးသူက “မရေမတွက်နိုင်သော သစ္စာဖောက်ဖျက်မှုများနှင့် စော်ကားခံရမှုများကြောင့် အမာရွတ် အထပ်ထပ် ဖြစ်နေသောသူ”ဟု ရေးသားဖော်ပြထားပါသည်။ သူတို့၏ ရင်းနှီးခင်မင်မှုမှာ ပွင့်ပွင့်လင်းလင်းရှိသည့် သဘောဆောင်ပြီး ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် မိမိအနေဖြင့် အများပြည်သူဆိုင်ရာ အခမ်းအနားတစ်ခုသို့ စစ်မှုထမ်းကောင်းတံဆိပ်ကို ဝတ်ဆင်သွားရန် သင့်/မသင့် ဗိုလ်ချုပ်ကြီးနေဝင်းက ဦးလောရုံကို မေးမြန်းခဲ့သည်အထိ ဖြစ်ခဲ့ပါသည်။ ဦးလောရုံသည် ဦးနေဝင်း၏ ဝေဖန်မှုများကို စိတ်ထဲမှ ထုတ်ပစ်ထား၍ ပူပင်ကြောင့်ကြမဲ့စွာဖြင့် နိုင်ငံရေးနယ်ပယ်နှင့် တသီးတခြားစီ ကင်းကင်းရှင်းရှင်းသာ နေခဲ့ပါသည်။ ထို့နောက် ယမကာ အသင့်အတင့်မှီဝဲကာ အိပ်ရာစောစောဝင်ပြီး နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်းလည်း ရေးသားထားပါသည်။ ထို့အပြင် ဦးနေဝင်း၏ စိတ်ဆိုး ဒေါသထွက်လွယ်မှုနှင့် ပတ်သက်သည့် ရေးသားချက်များမှာလည်း အလွန်အမင်း ချဲ့ထွင်ထားခြင်းမဟုတ်ကြောင်း ဦးလောရုံ သိရှိခဲ့ရပါသည်။

ယခုစာအုပ်တွင် ဦးနေဝင်းနှင့် ပတ်သက်၍ ဦးလောရုံ ရင်ဆိုင် ကျော်လွှားခဲ့ရသည့် ကြိုးပမ်းမှုများနှင့် မိမိတိုင်းပြည်အပေါ် ကျရောက်လာသည့် ကံမကောင်း အကြောင်းမလှမှုများကိုလည်း ရေးသား ဖော်ပြထားပါသည်။ ဦးနုနှင့် ဘန်ကောက်တွင် နေထိုင်ခဲ့သည့် အချိန်အတောအတွင်း “မိမိတို့ကိုသာ ဦးနေဝင်း ဖမ်းဆီးမိသွားလျှင် ဘာဖြစ်လာမည်နည်း”ဟူသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ စုံစမ်း မေးမြန်းမှုကိုလည်း ဦးလောရုံက မိမိတို့ကသာ ဦးနေဝင်းကို သတ်နိုင်လိမ့်မည်ဟု တုံ့ပြန်ဖြေဆိုခဲ့ပါသည်။ နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ ဦးလောရုံ ပြောင်းရွှေ့သွားခဲ့ပြီး မိမိ၏ ဝဋ်ကြွေးမကင်းသည့် အကျိုးဆက်ကို အလေးအနက် စတင်ဆင်ခြင် သုံးသပ်လာခဲ့ပါသည်။ ဦးလောရုံ၏ မှတ်စု စာအုပ်များထဲတွင် ရေးမှတ်ထားမှုများထဲမှ တစ်ခုမှာ မိမိအနေဖြင့် ဦးနေဝင်းအပေါ် နားလည်လာသည့်အတွက် “ငါနဲ့ ငါပိုင်ဆိုင်တာတွေကို ဘေးဒုက္ခရောက်အောင် သူ (ဦးနေဝင်း) ဘာပဲ လုပ်ခဲ့လုပ်ခဲ့ ခွင့်လွှတ်နိုင်ပါပြီ”ဟု ရေးသားထားပါသည်။ ထို့အပြင် ဦးလောရုံ အဖမ်းခံရသည့် အကြောင်းပြချက်များမှာ နိုင်ငံရေးအရ မဟုတ်ဘဲ ဦးနေဝင်း၏ အမျက်ဒေါသအပြင် ထိုစဉ်က သူ၏ ဇနီးနှင့် ပတ်သက်၍ ဦးနေဝင်း၏ မနာလိုဝန်တိုမှုကြောင့် ဖြစ်သည်ဟုလည်း ထုတ်ဖော် ရေးသားထားပါသည်။

ဤစာအုပ်တွင် သူတို့၏ ပြည်ပြေးဘ၀ အတွေ့အကြုံများနှင့် ဦးလောရုံနှင့် ဝင်ဒီတို့အပေါ်သို့ သက်ရောက်မှုများကိုလည်း တွေ့မြင်ရပါသည်။ ဦးလောရုံက မိမိ၏ မိတ်ဆွေများနှင့် ပတ်သက်၍ အကြောင်းအရာ တစ်ခုကိုလည်း ပြန်ပြောင်း အမှတ်ရထားပြီး “အမိမြေနဲ့ ဝေးရတဲ့ နာကျင်ခံစားမှု ဝေဒနာ၊ ဇာတိမြေရဲ့ မြင်ကွင်းနဲ့ နွေးထွေးမှုတွေကနေ တားဆီးပိတ်ပင် ခံထားရတာဟာ လူသားတစ်ယောက် ဖြစ်ရှိနေရခြင်းရဲ့ သဘောသဘာ၀ အစိတ်အပိုင်းတစ်ခုအနေနဲ့ လွန်လွန်းလှပါတယ်”ဟု ရေးသားထားပါသည်။ ဤသို့အားဖြင့် အလေးအနက် ဆင်ခြင်သုံးသပ်ရမည့် အတွင်းရေး အကြောင်းကိစ္စများ၊ တစ်မူထူးခြားသည့် မှတ်တမ်းများ/ဓာတ်ပုံများနှင့် ထူးခြားဆန်းကြယ်သော အကြောင်းအရာများ ပါဝင်သည့် ယခုစာအုပ်မှာ လက်ထဲက မချနိုင်အောင် ဆွဲဆောင်နိုင်သည့် စာအုပ်ကောင်း တစ်အုပ်ဟုပင် ညွှန်းဆိုရပါတော့မည်။

■ အယ်ဒီတာမှတ်ချက်   ။ Golden Parasol အား “ရှင်ရင်ရွှေထီး”ဟူသော မြန်မာပြန်ဆိုချက်ကို ဘာသာပြန် စာရေးဆရာ ဟိန်းလတ်က သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ယခုစာအုပ်ကို စာရေးဆရာ ဟိန်းလတ်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး ငါတို့စာပေ က ၂၀၁၅ ခုနှစ် မတ်လတွင် ထုတ်ဝေခဲ့သည်။

■ ဂျွန် ဗျူခန်နန်၏ စာအုပ်အညွှန်းကို စည်သူကျော် ဘာသာပြန်ဆိုသည်။

Wendy Law-Yone Golden Parasol:
A Daughter’s Memoir of Burma

Chatto & Windus 2013.

By John Buchanan

In her memoir of Burma, Wendy Law Yone presents an account of the experiences that led her to leave Burma and the story of her father, Edward Law Yone.  For many people, he was the first independent newspaper editor of post-war Burma and a leader of the People’s Democratic Party (PDP, an exiled political movement led by former Prime Minister U Nu. The rich details of her account and the breadth of the topics covered are such that there is likely something of interests for most readers.

The personal papers of Edward Law-Yone provide materials for a unique and up-close account of the leaders of the newly independent Burma.  For readers interested in the country’s politics, the book provides a fascinating history of several issues often neglected by other sources. In particular, the insights into the U Nu’s PDP will be of interests to researchers focused on Burma’s many armed resistance movements. She also offers an original and insightful analysis of General Ne Win, which draws from her own experiences with the late dictator and accounts from her father who formed a friendship of sorts with him.

The personal papers of Edward Law-Yone provide materials for a unique and up-close account of Burma’s politics.  For readers interested in Burma’s politics, the book provides a fascinating history of several issues often neglected in other sources. In particular, the insights into the U Nu’s PDP will be of interests to researchers focused on Burma’s many armed resistance movements. She also provides original, insightful analysis of General Ne Win drawing on her own experiences with the late dictator and accounts from her father who formed a friendship of sorts with him.

About the author

John Buchanan

John Buchanan is the Director of Research at the Institute for Strategy and Policy - Myanmar. He is also a PhD Candidate in the Department of Political Science at the University of Washington in Seattle, Washington. John’s fields of study include international relations, comparative politics and Southeast Asia. His research interests include Southeast Asian politics, civil-military relations, state formation, conflict and its relationship to natural resources. John has written reports and articles in several publications. He is the co-author of Developing Disparity - Regional Investment in Burma’s Borderlands, which was published by the Transnational Institute. He recently authored Militias in Myanmar, which provides background on Myanmar’s complex systems of militias and their roles in conflict and society. John is from the United States and has lived in Southeast Asia for over a decade.

Add comment