CategoryISP Data Matters

အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ စုစုပေါင်း ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ ဖြစ်ခဲ့တာပါ။ နေအိမ်၊ အဆောက်အအုံ ၂၅,၃၇၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ဒေသကတော့ မကွေးတိုင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ ၈,၁၁၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မီးရှို့ဖျက်ဆီးခံခဲ့ရမှုတွေကို...

လေးနှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဝင်ရောက်

ပြီးခဲ့တဲ့ လေးနှစ်ရဲ့ (၂၀၁၉ မှ ၂၀၂၂ ခုနှစ်အထိ) ပထမ ခုနစ်လတာအတွင်းမှာ အသီးသီးဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကာလတူ နှိုင်းယှဥ်ကြည့်ရင် ၂၀၂၂ ခုနှစ်မှာ အနည်းဆုံး ဝင်ရောက်ခဲ့ပါတယ်။ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ကျော် လျော့ကျခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ပြည်ပ စစ်ပြေးဒုက္ခသည်ဦးရေ သုံးသန်းနီးပါးရှိလာ

မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၀ ရက်အထိ ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အဓိကရုန်း ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေအပြင် နယ်စပ်ဖြတ်ကျော်ပြီး ဒုက္ခသည်တွေ အ ဖြစ် တိမ်းရှောင်ခိုလှုံနေရတဲ့ အရေအတွက် နှစ်ရပ်ပေါင်းက ၂,၉၃၀,၂၀၁ ဦးထက်မနည်း ရှိလာပါပြီ။

၁၈ လတာကာလအတွင်း နိုင်ငံတဝန်းလုံးတွင် တိုက်ပွဲပေါင်း ၆,၆၀၀ ကျော် ဖြစ်ပွား

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၂၇) စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ၁၈ လတာကာလ အတွင်း နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအနက် ၄,၀၅၂ ကြိမ်ထက်မနည်း (၆၀ ရာခိုင်နှုန်းကျော်) ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ(EAOs) အကြား ဖြစ်ခဲ့တာပါ။ စစ်ကောင်စီနဲ့...

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊အဆောက်အအုံ ၂၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတွေဟာ စစ်အာဏာသိမ်းမှုအပြီး နေအိမ်နှင့် အဆောက်အအုံ အများဆုံး မီးရှို့ဖျက်ဆီးခံခဲဲ့ရတဲ့ ဒေသတွေဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၅,၈၅၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံအရေအတွက် (လအလိုက်) ဟာ ၂၀၂၂ ခုနှစ်၊...

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ဒုက္ခသည်ဦးရေ နှစ်သန်းခွဲကျော် ရှိလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ပြေးဒုက္ခသည်အရေအတွက်ဟာ လစဉ်တိုးနေပြီး ၂၀၂၂ ခုနှစ်ရဲ့ ပထမ ငါးလတာ (ဇန်နဝါရီလ မှ မေလ) အတွင်းမှာပဲ ဒုက္ခသည်ဦးရေ ၅၂၇,၆၉၇ ဦးထက်မနည်းတိုးခဲ့ပါတယ်။ အဲ့ဒီ့အရေအတွက်ဟာ အာဏာသိမ်းပြီးနောက် အသစ်တိုးလာတဲ့ ပြည်တွင်းစစ်ပြေး ဒုက္ခသည် စုစုပေါင်းအရေအတွက်ရဲ့ ၄၉ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် အသစ်တိုးလာတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်စုစုပေါင်းကို နယ်မြေဒေသအလိုက်...

တရုတ်နှင့်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ကျဆင်း

မီနီဘတ်ဂျက်ကာလအတွင်းမှာ  အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံကျော် ရှိပါတယ်။  ထိုင်းနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိပြီးကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ ကာလတူ နှိုင်းယှဥ်ရင်အမေရိကန်ဒေါ်လာသန်း ၅၂၀ကျော် တက်လာပါတယ်။ ဒေသတွင်းအစုအဖွဲ့တွေဖြစ်တဲ့ QUAD နဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိပြီး၊ ဥရောပသမဂ္ဂ...

သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ် ခံရသူ ၂၀၉ ဦးအထိ ရှိလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြောက်ဉက္ကလာပ မြို့နယ်မှာ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦး နှင့် ထောင်ဒဏ်တသက် တကျွန်းချမှတ်ခံရသူ ၁၂ ဦး ရှိခဲ့ပြီး သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ အများဆုံးရှိခဲ့တဲ့ မြို့နယ်ဖြစ်ပါ တယ်။ ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာလည်း သေဒဏ်ချမှတ်ခံရသူ ၁၇ ဦး၊ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၃၀ ဦး နဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်းပူးတွဲချမှတ်ခံရသူ၃ ဦးတို့ရှိခဲ့ပြီး ဒုတိယအများဆုံး သေဒဏ်နဲ့...

အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊ အဆောက်အအုံ ၂၂,၀၀၀ ကျော်မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

၂၀၂၂ ခုနှစ်၊ မေ ၁ ရက်ကနေ ၂၆ ရက်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံ ၇,၆၆၂ လုံး ထက်မနည်း ရှိခဲ့ပါတယ်။ အာဏာသိမ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက် (လအလိုက်) ထဲမှာ ယခုလအတွင်း ဖျက်ဆီးခံရတဲ့ပမာဏာကတော့ တနှစ်တာအတွင်း အများဆုံး ဖြစ်ပါတယ်။ ဒီလိုမျိုးမီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ၇,၆၆၂ လုံးထဲမှာ  စစ်ကိုင်းတိုင်းက ၅,၃၃၇...

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊အဆောက်အအုံ ၅၈၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခြင်းခံခဲ့ရ

သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံတွေထဲမှာ အရပ်သားတွေရဲ့ပိုင်ဆိုင်မှုတွေ အများဆုံး ချိပ်ပိတ်သိမ်းဆည်း ခြင်းခံခဲ့ရပြီးတော့ ၃၇၃ လုံးထက်မနည်းရှိခဲ့ပါတယ်။ ဒါဟာ စုစုပေါင်း သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက်အားလုံးရဲ့ ၆၃ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပိုင်ဆိုင်မှု နေအိမ်၊ အဆောက်အအုံ ၁၄၇ လုံးထက်မနည်းသိမ်းဆည်းခံခဲ့ရပြီး ၂၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။