Latest Notes & Updates

ရခိုင်အကျပ်အတည်းကြားက မြန်မာနဲ့ နိုင်ငံတကာဆက်ဆံရေး

By ISP Admin | December 3, 2017

ရခိုင်ပြည်နယ် အရေးကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဖိအားတွေ တိုးလာနေချိန်မှာပဲ မြန်မာခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွေ ခပ်စိတ်စိတ် တွေ့လာနေရပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်ပြည်က ပြန်ရောက်လာလာချင်းဆိုသလိုပဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ညီလာခံကိုတက်ဖို့ ဘေဂျင်းမြို့တော်ကို သွားမယ့်အကြောင်း ကြေညာခဲ့တာပါ။

ရခိုင်ပြည်နယ် အရေးကြောင့် မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ် ဘယ်လောက်အထိ ရိုက်ခတ်နေပြီလဲ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ အရှေ့နဲ့အနောက် ဘယ်သူက ပိုအရေးကြီးလာနေပြီလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေး တင်ဆက်ထားပါတယ်။ အဆိုပါ အစီအစဉ်တွင် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဆွးနွေးခန်း အပြည့်အစုံကို အသံဖိုင်တွင် နားသောတ ဆင်နိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *