ISP Data Matters


ISP PODCASTS




ISP CLIPS




Latest Posts

စစ်ဆင်ရေး ၁၀၂၇ အလွန်

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီအကြား အပစ်ရပ်ပြီးတဲ့နောက် “စစ်ဆင်ရေး ၁၀၂၇” အလွန်မှာ ဘာတွေ ဆက်ဖြစ်နိုင်မလဲ။ နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်တဲ့ ဖြစ်တန်ခြေတချို့ကို ISP-Myanmar က တင်ပြပါမယ်။

အာဏာသိမ်းအလွန် ပဋိပက္ခ ကျယ်ပြန့်သက်ရောက်မှု

အာဏာသိမ်းမှုအလွန် သုံးနှစ်နီးပါးကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ပိုများလာခြင်းနဲ့အတူ ပဋိပက္ခ ကျယ်ပြန့်သက်ရောက်မှုလည်း ကြီးမားလာပါတယ်။ I SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ အဲဒီအကြောင်းခြင်းရာကို အချက်အလက် အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက် အထိ)

(ISP-Myanmar က ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို မတ် ၂၇ ရက်အထိ ဖော်ပြထားခြင်းဖြစ်သည်။) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့်...

စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အကျပ်အတည်း မြင့်မား

ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အညွှန်းကိန်း အကျပ်အတည်း မြင့်မားနေသည့် မြို့နယ်ပေါင်း ၅၇ ခုရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှ ၁၄ မြို့နယ်အထိပါဝင်ကာ အများဆုံးဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်မှ မြို့နယ် ၁၁ ခု ပါဝင်ပြီး ဒုတိယအများဆုံး ဖြစ်ခဲ့သည်။

စစ်ကိုင်းတိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း မြင့်မား

လူသားချင်းစာနာမှုဆိုင်ရာ အညွှန်းကိန်း အကျပ်အတည်း မြင့်မားနေသည့် မြို့နယ်ပေါင်း ၄၅ ခုရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှ ၁၉ မြို့နယ်အထိပါဝင်ကာ အများဆုံးဖြစ်ခဲ့သည်။

မြို့နယ်စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းတွင် လုံခြုံရေးဆိုင်ရာ ပြင်းထန်သက်ရောက်မှု မြင့်မား

လုံခြုံရေးဆိုင်ရာ အကျပ်အတည်း မြင့်မားနေသည့် မြို့နယ်ပေါင်း ၁၄၁ မြို့နယ်ရှိခဲ့ပြီး မြို့နယ်စုစုပေါင်း ၄၃ ရာခိုင်နှုန်းအထိရှိခဲ့သည်။ စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၀ တွင် လုံခြုံရေးဆိုင်ရာ အကျပ်အတည်း မြင့်မားခဲ့ပြီး အများဆုံးဖြစ်ခဲ့သည်။

နိုင်ငံအနှံ့ တိုက်ပွဲဖြစ်မှု၊ မြို့များ သိမ်းယူနိုင်မှုနှင့် စိုးမိုးလှုပ်ရှားနိုင်ရေး အားပြိုင်မှုများ

ကရင်နီဒေသ၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ မြို့နယ်အားလုံးတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် မြို့နယ် ၃၇ ခု ရှိသည့်အနက် ၃၄ ခုတွင်လည်းကောင်း၊ မန္တလေးတိုင်းတွင် မြို့နယ် ၂၈ ခုရှိသည့်အနက် ၂၅ ခုတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ဘာကြောင့်အရေးကြီးသလဲ

မြန်မာနိုင်ငံမှာ အရှည်ကြာဆုံးပြည်တွင်းစစ်နဲ့အပြိုင် ခေတ်အဆက်ဆက်မှာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အာဏာသိမ်းမှုအလွန််မှာတော့ ကျုးလွန်ခံရမှုတွေဟာ ပိုမိုဆိုးရွားလာနေတာပါ။

၂၀၂၃ ခုနစ် အတွင်း ISP-Myanmar ၏ လူဖတ်အများဆုံး အကြောင်းအရာ ၁၀ ခု

၂၀၂၃ ခုနစ် အတွင်းမှာ ISP-Myanmar စာဖတ်ပရိတ်သတ်တွေရဲ့ အာရုံကို အဆွဲဆောင်နိုင်ဆုံး ဆောင်းပါး ဆယ်ခု ကို ပြန်လည် ရွေးထုတ်တင်ပြပြီး တင်ပြလိုက်ရပါတယ်။

စစ်ဆင်ရေး ၁၀၂၇ နှင့် တရုတ်စီမံကိန်းများအခြေအနေ

‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်စီမံကိန်းများတည်ရှိရာ နေရာဒေသသို့ ညီနောင်မဟာမိတ်နှင့်ပူးပေါင်းတပ်ဖွဲ့များက နယ်မြေချဲ့ထွင်ထိန်းချုပ်လာခဲ့သည်။