မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။
၂၀၂၃ ခုနစ် အတွင်းမှာ ISP-Myanmar စာဖတ်ပရိတ်သတ်တွေရဲ့ အာရုံကို အဆွဲဆောင်နိုင်ဆုံး ဆောင်းပါး ဆယ်ခု ကို ပြန်လည် ရွေးထုတ်တင်ပြပြီး တင်ပြလိုက်ရပါတယ်။
ISP-Myanmar က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ စတင်ခဲ့တဲ့ “ကပြင်ရပ်ဝန်း”ဟာ ဒီကနေ့မှာ တနှစ်ပြည့်ခဲ့ပါပြီ။ ISP ကပြင်ရပ်ဝန်းမှာ ချိတ်ဆက် လျှောက်ထား ပါဝင်ခဲ့ကြတဲ့ ရပ်ဝန်းသူ ရပ်ဝန်းသား ၁၁,၁၂၄ ဦး ရှိလာပါတယ်။
၁။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) နှင့် ကမ္ဘာ့ရေးရာများဆိုင်ရာ အိန္ဒိယကောင်စီ (The Indian Council of World Affairs) တို့သည် think-tank မူဝါဒအကြံပြု သုတေသီအဖွဲ့ များ အကြားအပြန်အလှန်နားလည်မှုရှိရေးနှင့် ဆွေသဟာဖြစ်ရေးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာရေးထိုးရန် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် သဘောတူခဲ့ကြပါသည်။
၁။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP...