ပြည်သူ့ရေးရာ မူဝါဒရေးဆွဲရေး ဆိုင်ရာ သုသေတန အခြေပြု သင်တန်း (မွန်ပြည်နယ်)

မွန်ပြည်နယ် အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အဖွဲ့ (ISP Myanmar) တို့ ပူးပေါင်းပြီး ပြည်သူ့ရေးရာ မူဝါဒ ရေးဆွဲရေးဆိုင်ရာ သုတေသန အခြေပြု သင်တန်းကို မော်လမြိုင်မြို့ရှိ Royal Hinthar ဟိုတယ်တွင် ပြုလုပ်နေပါသည်။

အဆိုပါ သုတေသန အခြေပြု သင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည် ဖြစ်ကာ ISP Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်၊ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ သင်တန်းရေးရာ လက်ထောက် ဒါရိုက်တာ ဒေါက်တာ ဆုမွန်သဇင်အောင်နှင့် သန်တန်း ညှိနှိုင်းရေးမှူး ဒေါ်ထွန်းမင်းစန္ဒာတို့က ပြည်သူ့ရေးရာ မူဝါဒ ဘာသာရပ်နှင့် သက်ဆိုင်သော အကြောင်းအရာများကို ဦးဆောင် ဆွေးနွေးမည် ဖြစ်ပါသည်။

 

 

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment