6 Apr 2018 Broadcast • Media Room တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာ အစီရင်ခံစာ မိတ်ဆက်ပွဲ ISP Myanmar မှ ထုတ်ဝေခဲ့သည့် “တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ” သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲနှင့် ဆွေးနွေးမှုများအား တည်းဖြတ် ဖော်ပြထားသော ဗီဒီယို ဖြစ်ပါသည်။ အဆိုပါ သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ Kafe in Town ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
6 Apr 2018 Broadcast • Media Room ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှစ် ဖြစ်မလား မွန်ပြည်သစ် ပါတီနှင့် လားဟူအဖွဲ့တို့က တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ထိုးမည်ဟု ကြေညာခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေး အလားအလာနှင့် ပတ်သက်သော အကြောင်းအရာများကို DVB အယ်ဒီတာ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်တွင် DVB ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး စကားဝိုင်း အစီအစဉ်၌ ဦးမောင်မောင်စိုး၊ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာတဦး ဖြစ်သူ ကိုနေထွန်းနိုင်လည်း ပါဝင်ဆွေးနွေးခဲ့သည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
3 Dec 2017 Broadcast • Media Room ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် ဘာတွေ ထူးခြားမလဲ နိုငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်က The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ် အယ်ဒီတာ ကိုနေထွန်းနိုင်အား ဒီဇင်ဘာ ၁ ရက်တွင် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်း ဖြေကြားချက် အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ https://facebook.com/theMyanmarQuarterly/videos/1490602171238326/
1 Dec 2017 Broadcast • Media Room ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် သုံးသပ်ချက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်နေသည့် ခရီးစဉ် အခြေအနေနှင့် မြန်မာ – တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့သည့် DVB အယ်ဒီတာ စကားဝိုင်းကို ယနေ့ မွန်းတည့်ချိန်တွင် ရိုက်ကူးခဲ့ပြီး DVB Facebook စာမျက်နှာ၌ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင်ဆွေးနွေးခဲ့သည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
2 Nov 2017 Media Room • Print တရုတ်ကွန်မြူနစ် ပါတီညီလာခံ၏ အဖြေများနှင့် ပေးထားချက်အသစ်များ တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် အဓိက အချက်သုံးချက်ကို စောင့်ကြည့်ခဲ့ကြသည်။ ထိုသုံးချက်မှာ ရှီ၏အမည်ကို ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေတွင် ထည့်သွင်းခြင်း ရှိမရှိ၊ ညီလာခံမှ အသစ် ရွေးချယ်ထားမည့် ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်စာရင်းတွင် ၂၀၂၂ ခုနှစ် အလွန် ရှီ၏နေရာကို ဆက်ခံမည့်သူ ပါဝင်းခြင်း ရှိ မရှိ နှင့် ရှီကျင့်ဖိန်၏ လက်ရုံးတဦးဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းဆောင် ဝမ်ချီစမ်းသည် ပါတီတွင်း ကျင့်ထုံးတခု ဖြစ်သည့် အသက် ၆၇ တွင် အနားယူရသည့် အစဉ်အလာကို ကျော်လွန်ပြီး ပေါလစ်ဗျူရို အမြဲတမ်းအဖွဲ့တွင် ဆက်လက် ပါဝင်ခြင်း ရှိမရှိတို့ ဖြစ်သည်။ ထိုမေးခွန်းများ၏ အဖြေကို ခုနစ်ရက်ကြာ ပါတီညီလာခံ၏ အပြီးသတ်တွင် […]
31 Oct 2017 Broadcast • Latest Notes & Updates • Media Room ၂၀၁၇ ခုနှစ်က ငြိမ်းချမ်းရေးနှစ်ဆိုတာ ဖြစ်လာမလား ” ငြိမ်းချမ်းရေး ဘယ်လောက်နီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်သေးလဲ” အစရှိသဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သော အယ်ဒီတာစကားဝိုင်း အစီအစဉ်ကို အောက်တိုဘာ ၂၈ ရက်တွင် DVB သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ အစီအစဉ်၌ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ်မှ အယ်ဒီတာ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးသည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ Source – DVB TV News
18 Oct 2017 Latest Notes & Updates တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ ဘာအပြောင်းအလဲ ဖြစ်နိုင်မလဲ ကိုယ်စားလှယ်ပေါင်း ၂၀၀၀ကျော် တက်ရောက်မည့် တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက်ပါတီ ညီလာခံကို မြို့တော်ဘေဂျင်းတွင် ယနေ့စတင်လိုက်ပြီး တစ်ကမ္ဘာလုံးမှ တရုတ်အရေးလေ့လာသူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပပြီး ပါတီ၏ ခေါင်းဆောင်နေရာနှင့် အခြား အရေးပါသော နေရာများအတွက် တာဝန်ယူမည့်ပုဂ္ဂိုလ်များကို ရွေးချယ်အတည်ပြုသည်။ နောက် ငါးနှစ်တာ ကာလအတွက် ပါတီနှင့် နိုင်ငံကို ဦးဆောင်မည့် မူဝါဒများ လမ်းညွန်ချက်များကို အတည်ပြုချမှတ်သည်။ ၁၉၈၂ ခုနှစ်တွင် ပါတီ ဥက္ကဌရာထူးကို ဖျက်သိမ်းပြီးနောက် ပါတီ အထွေထွေအတွင်းရေးမှူးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် အဓိကကျသူ ဖြစ်လာပြီး ၎င်းကို ပါတီညီလာခံမှ တဆင့် ငါးနှစ်တကြိမ် ရွေးချယ်လေ့ရှိသည်။ ထို့အပြင် အခြားအရေးပါသော နေရာများဖြစ်သည့် ဗဟိုကော်မတီဝင် […]
13 Oct 2017 Broadcast • Latest Notes & Updates • Media Room ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်အပေါ် သုံးသပ်ခြင်း ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်ကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် အစိုးရ မီဒီယာများက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ တင်ပြချက်အပေါ် သုံးသပ်ချက် အယ်ဒီတာ စကားဝိုင်း ဆွေးနွေးခန်းကို DVB သတင်းဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပြီး DVB TV News Facebook စာမျက်နှာမှ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ ထိုစကားဝိုင်းတွင် The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ် အယ်ဒီတာ ဦးအောင်သူငြိမ်းလည်း ဝင်ရောက် ဆွေးနွေးခဲ့သည်။ Source – DVB TV News
တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ ဘာအပြောင်းအလဲ ဖြစ်နိုင်မလဲ