CategoryMYANMAR QUARTERLY

အကူးအပြောင်းများ၊ အသွင်ကူးပြောင်းခြင်းများနှင့် အဆုံးအဖြတ်ကာလကို ရောက်ရှိနေသည့် မြန်မာနှင့် ရှေ့ရေး

■ ၁။ နိဒါန်း ကမ္ဘာ့ဘဏ်နှင့် အခြားသော အလှူရှင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်များအတွင်းက အကူးအပြောင်း သုံးခု စတင်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ ယင်းတို့မှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း၊ စစ်ပွဲများမှ ငြိမ်းချမ်းရေးသို့ အကူးအပြောင်းနှင့် ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ အကူးအပြောင်းတို့ပင် ဖြစ်ကြပါသည် (World Bank, 2012)။...

၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ရလဒ် အနှစ်ချုပ်

၂၀၁၇ ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲအပြီး ရလဒ် အနှစ်ချုပ် ညွှန်းကိန်းများ ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြည်သူ့လွှတ်တော်တွင် ငါးနေရာ၊ အမျိုးသားလွှတ်တော်တွင် သုံးနေရာ၊ ပြည်နယ်လွှတ်တော်တွင် တစ်နေရာ စုစုပေါင်း ကိုးနေရာ (ရာခိုင်နှုန်းအားဖြင့် ၄၇ ဒသမ ၃၇ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့ပါသည်။ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သော...

အသွင်ကူးပြောင်းရေးကာလ မြန်မာ့ စီးပွားရေးနှင့် ငြိမ်းချမ်းရေး အကျပ်အတည်းအတွက် အဖြေ တရုတ်ဆီမှာ ရှိသလား

နိုင်ငံတစ်နိုင်ငံ၏ အသွင်ကူးပြောင်းမှုကို လေ့လာရာတွင် ပြည်တွင်းရှိ နိုင်ငံရေးမျှခြေများ၊ မူဝါဒ အကောင်းအဆိုးများအား လေ့လာသုံးသပ်ခြင်းသည် အရေးပါသကဲ့သို့ ပြင်ပ အချင်းအရာများ ဖြစ်သော ပထဝီနိုင်ငံရေး၊ အိမ်နီးချင်းများကိုလည်း လုံး၀ လျစ်လျူရှုထား၍ မရပါ။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အတူ သူ၏ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ရှိ အခန်းကဏ္ဍသည် တစ်စထက်တစ်စ အရေးပါလာသည်။ ကမ္ဘာ့ရေးရာများကို သုံးသပ်ရာတွင်...

ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား

(၁) ဤဆောင်းပါးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြင်ပ ကိစ္စများဖြစ်သည့် ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားပြဿနာ ရှုထောင့်များမှ ချဉ်းကပ်ထားသည်။ အခြားသုံးသပ်သူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်၊ ဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၊ ပစ်ခတ်တိုက်ခိုက်မှု...

ရက်စက် ယုတ်မာမှုများကို တုံ့ပြန်ခြင်း

မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ချိန်သည် စစ်အေးတိုက်ပွဲ အဆုံးသတ်ခါနီး အချိန်ကာလ ဖြစ်သည်။ ကမ္ဘာတစ်လွှားတွင်လည်း အသွင်ကူးပြောင်းမှုများ အလျင်အမြန် ပေါ်ပေါက်နေချိန် ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၌ ဘာလင်တံတိုင်းကြီးလည်း ပြိုကျသွားပြီ ဖြစ်သည်။ ကျန်သည့် အရှေ့ဥရောပ နိုင်ငံများမှာလည်း အသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေဆဲပင် ဖြစ်ပါသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်း၌...

Transition စမှတ်နှင့် အောင်မြင်မှု

T

မြန်မာ့အသွင်အကူးအပြောင်း စမှတ်ယူပုံပေါ် မူတည်ပြီး အောင်မြင်မှု၊ ကျရှုံးမှု၊ သွားမည့် လမ်းကြောင်းတို့ကို တွက်နိုင်ပါသည်။ “Transition ဘယ်ကစ”  သည်ကို သတိထားနိုင်လျှင် “Transition ဆုံးအောင်”  တစ်နည်း အောင်မြင်အောင် ပိုဆောင်ရွက်နိုင်မည်။ Transition သည် ၁၉၈၈ ခုနှစ် လှုပ်ရှားမှုကြီးအပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာစွန့်အပြီးတွင် စတင်သလား။ အဆင့် ခုနစ်ဆင့်ပါသော လမ်းပြမြေပုံ ခုနစ်ချက်...

ဘဏ္ဍာရေး လိုငွေပြမှုနှင့် ကုန်သွယ်ရေး လိုငွေပြမှု (Budget Deficit and Trade Deficit)

ယနေ့ မြန်မာနိုင်ငံ စီးပွားရေးတွင် ဘဏ္ဍာရေးလိုငွေပြမှု (Budget Deficit) ပြဿနာနှင့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) ပြဿနာကို အဓိကထား ထောက်ပြကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ သေးငယ်သော တံခါးဖွင့် စီးပွားရေး (Small Open Economy) နိုင်ငံ၊ အသွင်ကူးပြောင်းစနိုင်ငံ (Transitional Economy)၊ စက်မှုကဏ္ဍများ မဖွံ့ဖြိုးသေးသောနိုင်ငံ (Undeveloped Economy) တစ်နိုင်ငံအနေဖြင့် (လက်တွေ့ကျကျ ကြည့်ပါက)...

အသွင်ကူးပြောင်းမှုများ အောင်မြင်ခြင်း၊ နောက်ပြန်ခြင်း အကြောင်းချင်းရာများနှင့် မြန်မာနိုင်ငံအတွက် မူဝါဒရေးရာ အဆိုပြုချက်များ

ကျွန်တော်က ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူ။ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်တော်မပြန်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မ၍ အပြောင်းအလဲများ ဖန်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြည်ပရောက်နေသူများ အိမ်ပြန်နိုင်ရေး ဖိတ်ခေါ်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံအတွင်း၌လည်း ပြုပြင်ပြောင်းလဲမှုအချို့ စတင်ဆောင်ရွက်နေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်သို့...

လူရှောင်ဘိုနှင့် ကင်ဆာ

A tribute to liu xiobo ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်၊ မြန်မာနိုင်ငံမှာ ကျောင်းသားများ ဦးဆောင်ခဲ့ပြီးနောက် ပြည်သူများ ပူးပေါင်းပါဝင်လာတဲ့ တစ်ပါတီ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ အရေးတော်ပုံကြီးကနေ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။...

ဦးကြည်မောင် ဘာသာပြန်

(အကျဉ်းချုပ် – ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း၊ “လေးအတတ်နှင့် ဉာဏ်အထူး” ၊ “ပန်းအတတ်နှင့် ဉာဏ်အထူး” စာအုပ်များအကြောင်းနှင့် ထိုစာအုပ်များကို ဘာသာပြန်ပုံ နမူနာ မြည်းစမ်းစရာများ။ဘာသာပြန်ခြင်းနှင့် စပ်လျဉ်းသော အယူအဆများ။ ဘာသာပြန်ရာ၌ သစ္စာရှိသည် ဟူသည်မှာ ဘာလဲ။ ဆရာဇော်ဂျီ၊ ဦးခင်ဇော်တို့၏ ဘာသာပြန်ပုံ နမူနာများ၊ သူတို့ အယူအဆများနှင့် တိုက်ကြည့်သော် ဦးကြည်မောင်၏ လက်ရာမှာ ဘာသာပြန်ကောင်း ဖြစ်သည်) ■ အချီး...